သင်္ခါရ အကျဉ်းသား
Postedundefined
undefined
(၁)
မြင်မြင်သမျှ သင်္ခါရဆိုတာလား
သိသားပဲ နားထားလိုက်တော့လို့ မပြောရက် ပြောရက်။
ကြင်နာခဲ့သမျှ နာခဲ့မှန်းသိရင်
မချစ်ခဲ့ပါဘူး ငါ့ခန္ဓာကိုပြောတာပါ။
သူစိမ်းလို နေခဲ့ရအောင်လည်း
ဘယ်သူက ဘယ်ကလာမှန်းမသိ
ငါ့ကိုယ်ငါ အနေခက်အောင်လုပ်ခဲ့တာ ငါမဟုတ်ဘူး
ငါ့ရဲ့ စိတ်ထဲက မသိစိတ်။
(၂)
ဖတ်ခဲ့ဖူးတဲ့ စာတစ်အုပ်ကြောင့်
ငါ့ကိုငါ ဘာလို့ဒီလောက်ပြောင်းလဲသွားရတာလဲ။
ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကြောင့်
ငါဟာ ဘာလို့ဒီလောက်ထိ ရင်သီးခဲ့တာလဲ။
ချစ်ခဲ့ဖူးတဲ့ စိတ်ကြောင့်
ဒီထက်ပိုပြီးတော့ ခံနိုင်ရည်မရှိတော့တာသေချာတယ်။
ငါ့ကိုယ်ငါ ထုဆစ်ကြည့်မိတယ်
ငါ့ခန္ဓာကိုယ်အတွက် သရုပ်ခွဲကြည့်မိတယ်
ငါ့စိတ်ကို ငါ ဖွင့်ဆိုကြည့်မိတယ်
ငါ့အနာကိုငါ ဆေးကုကြည့်မိတယ်
အဲသလိုမျိုး ကောက်ချက်အချ မြန်ခဲ့လို့
ဒုက္ခရောက်ခဲ့ပေါင်း မနဲတော့ဘူး။
(၃)
သေချာပါတယ် ငါ့အတွက်တော့
ငါဟာ .......................
မင်းအတွက်တော့
ငါဟာ...........................
သင်္ခါရ အကျဉ်းသားတစ်ယောက်။
(တစ်ယောက်ကိုပဲ ပြောပြချင်ပါတယ် ။)