မင်္ဂလာပါ  

Posted by: ninesixnine


ဟုတ်ကဲ့ ဘာလိုလို နဲ့ ၂၀၀၉ ဆိုတဲ့ ခုနှစ်က လက်ပြနှုတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေချိန် ၂၀၁၀ ဆိုတာ ဝင်ရောက်လာဖို့ အဆင်သင့် ဖြစ်နေပြီ။သိပ်ပြီး မထူးတဲ့ အခြေအနေတစ်ခုမှာ ကျုပ်တို့က ဘာအတွက်ရင်ခုန်နေကြမှာလဲ။ နှုတ်ဆက်သူက နှုတ်ဆက် လက်ပြသူက ပြ မိတ်ဆက်သူက မိတ်ဆက် သွားနေတဲ့ လက်ရှိကာလ သွားနေအုံမယ့် အခြေအနေ တစ်ခု ။သွားဖူးတဲ့ နေရာတွေကို ပြန်သွားကြည့်တယ် စိတ်က ဒီအတိုင်းပဲ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိတယ်။ဟုတ်မှ ဟုတ်ရဲ့လား ပေါ့ ။ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ သွားနေကြ နေရာများ တွေးနေကြ အတွေးများ မြင်နေကြ အာရုံများ အကြိမ်ကြိမ်မှားယွင်းမှုများ အင်း ခုတော့ အသက်တွေ အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးလာတယ် လူတွေ မူဝါဒ တွေက ဟောင်းနွမ်းနေသေးတယ် ဆိုရင် အဲဒီ လမ်း ကျုပ်ဘယတော့မှ ပြန်လှည့်မှာ မဟုတ်သလို ကျုပ် ရဲ့ နက်ဖန်တွေကို လည်း ဘယ်တော့မှ ခြေဦးမလှည့်ဘူး။အားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေ။

အိပ်မက်စိုက်ခင်းထဲမှာ  

Posted by: ninesixnine in


(၁)
အရပ်လေးမျက်နှာ နဲနေသေးတယ်
သွားချင်တာ အကုန်သွား
လာချင်ရာ အကုန်လာ ဖွင့်ထားတဲ့
ငါ့ရဲ့ တံခါးများ သင်သည်သာလျှင် ကျုပ်အနားမှာ ရှိပါစေ။
ပြောင်းလဲမှု သီဝရီအရ
လူတွေကို ဗဟိုရ်ပြု
အချိန်တွေကို ဗဟိုရ်ပြု
အတ္တကိုယ် ဗဟိုရ်ပြု
ကိုယ်သန်ရာကိုသာ ပြောကြစို့ရဲ့။
(၂)
အသက်ကြီးကြီး လူကြီးတွေက
သူတို့ ဘယ်လိုတော်ကြောင်းကြွားဝါ
လူငယ်တွေက သူတို့ဘယ်လိုမြင်ကြောင်း တင်ပြ
အကွဲကွဲ အပြားပြား နဲ နဲ များများ
တိမ်တွေကို အခါခါ နမ်း
မြေပြင်ပေါ်မှာ အခါခါ လဲကျ
ကိုယ်အတွက်ပဲ ကိုယ်ဟာထောက်တည်ရာဖြစ်ခဲ့။
(၃)
ခန္ဓာ ငါးပါ နဲ့ ဗျာများနေတဲ့ စာသင်နေတဲ့ ဆရာ
ဇဝေ ဇဝါ ဗျာများနေတဲ့ တိတ်ဆိတ်နေတဲ့ ကျောင်းသားများ
ကျောင်းပြီး လို့မှ ဘွဲ့ရလို့မှ ငါဘာဖြစ်မယ်ဆိုတာမသိရင်
ပြီးပြီပေါ့ ဘာပြောလို့ရမှာတဲ့လဲ။
ဆရာ့လိုပဲ အသက်တွေကြီးလာရင်
ကျုပ်တို့တွေ လဲ ခန္ဓာငါးပါနဲ့ ဗျာများကြမယ်။
ငြိမ်းချမ်းရေး လမ်းစဉ်မှာ လူတွေ ကို
သက်သာရာလေး နဲ နဲလောက် ရစေကြမယ်။
အပူတွေ ကင်းမဲ့နေတဲ့ ဇုန်မှာ
ကိုယ့်ရဲ့ အပူ သူများကို ဘယ်တော့မှ မကူးစေရဘူး။
အိပ်မက်စိုက်ခင်းထဲမှာ ရယ်ပါ။
စိတ်ကူးတွေ ရွာချမယ့် မိုးတိမ်တွေကို မျှော်နေဆဲကာလ
လောကဓံ လက်သီးတို့ တစ်ဖြိုင်းဖြိုင်း ရွာချတဲ့ ငါ့တိုင်းပြည်က
ငှတ်ကလေးတို့ ရယ် .................
ကိုယ့်ရဲ့ အိပ်မက်စိုက်ခင်းထဲမှာသာ မိုးလင်းနေသည်အထိ မက်ကြမယ်
ဆက်ရင်း ဆက်ရင်း...... မက်ရင်း မက်ရင်း...........တက်ရင်း တက်ရင်း ......နဲ့ပေါ့။နိုင်းစစ်နိုင်း (စစ်ကိုင်း)

နေညိုချိန်  

Posted by: ninesixnine in


အလွမ်းတွေ နဲ့သီကုံးထားတဲ့
တောင်တန်းတွေမှာ
မဖြစ်မနေ ပါလာတဲ့ ပန်းတောင်တန်း။
အရေးမပါပေမယ့်
အရေးကြီးတယ်ဆိုတာသိသွားပြီ။
ဒီထက်ပိုပြီး အရေးကြီးတဲ့အရာအတွက်
ငါ ခရီးထွက်ခဲ့တယ်။
နေရာအနံ့သွားခဲ့တယ်။
လူမျိုးစုံနဲ့တွေ့ခဲ့တယ်။
အရောင်မျိုးစုံနဲ့ကြုံခဲ့တယ်။
အသွေးမျိုးစုံနဲ့ ဆုံခဲ့တယ်။
နားမျိုးစုံ နဲ့ ပြောခဲ့တယ်။
ပါးစပ်မျိုးစုံနဲ့ ကြားခဲ့တယ်။
အရာရာကို ပြောင်းပြန်လုပ်ပစ်ခဲ့တယ်။
ကိုယ့်ကိုကိုယ် မေ့ချင်ဟန်ဆောင်ခဲ့တယ်။
အိပ်ဆေးမသောက်ပဲ အိပ်ပျော်ခဲ့ဖူးတယ်။
နေ့တွေမှာ ညများစွာယူခဲ့ဖူးတယ်။
ညတွေမှာ သူမနဲ့ တူတူစကားတွေပြောခဲ့တယ်။
နေရောင်ခြည်မရှိတဲ့ နေရာအတွက်
တစ်ယောက်တည်း ရဲရင့်ခဲ့တယ်။
လ ရောင်နဲ့ အနီးဆုံးမှာနေဖို့ဆွေးနွေးခဲ့တယ်။
ပေါ့ပေါ့လေးပါပဲ။
တကယ်ကို ပေါ့ပေါ့ပါးပါးလေး ဖွဖွလေးဖြတ်လျှောက်သွားခဲ့တာ။
ဘယ်သူမှတောင် ကြည့်ချိန်မရခဲ့ပါဘူး။
အာရုံတွေ က ထွေပြားနေခဲ့တော့ကိုယ့်အာရုံကို မနိုင်ဘူး။
လျှောက်ရမယ့်လမ်းတွေမှာဝေဝါးခဲ့ဘူးတယ်။
လျှောက်ဖူးတဲ့ လမ်းတွေမှာ ပြန်ပြီးသွားဖို့ရည်ရွယ်ခဲ့။
မတက်နိုင်တော့တဲ့ ဝန်ကိုထမ်းဖို့ကြံစည်ခဲ့။
လူတွေမှာ လူတွေမှာ အများကြီးအများကြီး ယုတ်မာမှုတွေရှိသလို
ဖြူစင်မှုတွေ ရှိတယ်ဆိုတာ ငါနားလည်လို့သွားပြီ။
နေညိုချိန်မှာ အိမ်ပြန်ရောက်အောင် ငါသွားမယ်။

မြင်ချင်သော အရာ  

Posted by: ninesixnine in

(၁)
လွန်မြောက်ကြပါစေ။
ကျော်လွန်ကြပါစေ။
စိမ်းလန်းကြပါစေ။ပျော်ရွှင်ကြပါစေ။
အေးချမ်းကြပါစေ။
တောင်းချင်တဲ့ဆုတွေက ပြည့်နှပ်လို့နေပါတယ်။
ပေးချင်တဲ့ အရာတွေကများလွန်းလှပါတယ်။
ဘာကို စပြီး တောင်းရမယ်
ဘယ်က စပြီးပေးရမယ်ဆိုတာ ယောင်ဝါးဝါးရှိဆဲပါ။
(၂)
ဘဝတွေ ကျုပ်တို့သာမန်လူတန်းစားဘဝတွေ
အဆင်ပြေ စိုပြေဖို့အတွက်
ပုံမှန်အားဖြင့်တော့ မလွယ်ကူလှပါဘူး။
မတူညီမှုများနဲ့ တူညီနေကြတော့
ဘယ်သူမှလဲ ဘာမှမတက်နိုင်ကြဘူး။
အဆင်ပြေနိုင်မယ့် ကိုယ့်ရဲ့အခန်းကဏ္ဍအတွက်ပဲ
ကြည့်နေကြတော့ အားလုံးမှာ ဇာတ်နာကုန်တာပေါ့။
(၃)
ဘယ်သူ့ကိုမှလဲ အပြစ်မြင်ဝါဒ နဲ့
မကြည့်တက်ခဲ့လေတော့
အမေ့ရွာထိပ်က ညောင်ပင်ကြီး
ရေခမ်းခြောက်မှုနဲ့ အတူ
အရွက်စိမ်းစိမ်းလေးတွေ
ဘယ်လိုလုပ်တွေ့ရမလဲ။
ဘယ်အရာကိုမှ ဘာမှ မထင်ပဲ
ဒီတိုင်းပဲ ရှင်သန်ခဲ့ကြတာပဲ။
ခေတ်တွေ ပြောင်းနေပေမယ့်
အိမ်အိုဟောင်းက အတွေးတွေက မပြောင်းဘူး။
တကယ်ဆိုရင် မနေ့က နဲ့ ဒီနေ့မတူသင့်ဘူး။
ကွက်ပြီး အငြှိုးနဲ့ရွာတက်တဲ့မိုးကို မုန်းတယ်။
(၄)
အဆင်မပြေမှုတွေက အဖေါ်တွေနဲ့ဝင်လာတက်တယ် တဲ့။
သတိထားပြီးနေတဲ့ကြားက တစ်ခါတစ်ရံသွားကြားထိုးထိုးနေရတယ်။
ကြာလာတော့ လဲ အရသာတစ်ခုလိုဖြစ်နေပြန်ပေါ့။
တစ်ခုခုကို တောင်းတနေတဲ့စိတ်မှာ
အာရုံတစ်ခုခုတော့ ရှိဖို့လိုတယ်။
အာရုံမရှိတဲ့ နေရောင်ခြည်အောက်မှာရှင်သန်နေရတာ
မျက်လုံးကန်းနေတဲ့ အာရုံဖမ်းသမားတစ်ယောက်ပမာဖြစ်နေတယ်။
တကယ်ဆိုရင် အဲဒီနေ့က မိုးရွာဖို့ကောင်းတယ်။
သက်တန့်ရောင်လေးကို မမြင်ရတာကြာနေလို့ပါ။

ကလေးတစ်ရောက်ရဲ့ ဟန်ဆောင်မှု  

Posted by: ninesixnine in


ဟုတ်ကဲ့ ကလေးတစ်ရောက်ရဲ့ ဟန်ဆောင်မှုကို ကလေးတစ်ရောက်ပဲ သိပါလိမ့်။မှန်ပါတယ်။ကလေးတစ်ရောက်ရဲ့ ဟန်ဆောင်မှုကို လူကြီးလုပ်သူ မသိနိုင်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ ကလေးတစ်ရောက်ရဲ့ ဟန်ဆောင်မှုကို အမေတွေ သိတယ်။တကယ့်အမေတွေ သိတယ်။အဟုတ်ကို အမေတွေ သိတယ်။မယုံဘူးလား ခင်ဗျားအမေကို မေးကြည့်ပေါ့။လွန်သွားပြီလားမသိ။မစဉ်းစားမိပါဘူး။တွေးကြည့်တာပါ။အပြစ်လို့ ယူဆ ရင် အပြစ်ပေါ့ ခင်ဗျားအတွက်ပြောတာပါ။ဝေါဟာရ တွေ ရဲ့ နောက်ကို လိုက်တက်တဲ့ ခင်ဗျားအတွက်ပြောတာပါ။ဘာတက်နိုင်မှာလဲ ဗျာ။လူဆိုတာ ဟန်ဆောင်တက်တာ ချည်းပါပဲ။ဟန်မဆောင်တက် ရင် လူဆိုတဲ့ ဝေါဟာရနဲ့ကို မတန်ဘူး။ကိုယ့်ကိုကိုယ် မလိမ်ငြာတက်ရင် ပိုပြီးပေါ်လွင်မှာပါ။ငါဟာ ဟန်ဆောင်တက်လား ဟန်မဆောင်တက်ဘူးလားဆိုတာ သေချာစွာသိရင်။ကျုပ်က အမေနဲ့အတူ နေခဲ့တော့ ကလေးတစ်ရောက်ရဲ့ဟန်ဆောင်မှုကို ကျုပ်အမေရှေ့မှာ ဟန်မဆောင်တက်ခဲ့ဘူး။ အမေငိုရင် ကျုပ်ငိုခဲ့တယ်။အမေ ရီရင် ကျုပ်ရီခဲ့တယ်။ဒါဟာ ကျုပ်ရဲ့ဟန်မဆာင်တက်ခဲ့ခြင်းပါပဲ။
ခင်ဗျားတို့လဲ ဒီလိုပဲ ဖြစ်မှာပါ။ သိပ်ပြီးအားငယ်ရတဲ့ အခါ နှလုံးသားရဲ့ဆန္ဒကို သိပ်ပြီး လိုက်လျှောချင်တဲ့ အခါတွေမှာဆိုရင် သိသာပါတယ်။ဒါတွေကို ငြင်းခုံနေလို့လဲ ဘာမှ ဖြစ်မလာပါဘူး။ငြင်းခုံနေစရာလဲ မလိုအပ်ပါဘူး။ ချစ်သူရဲ့ လိုအင်ကို လိုက်လျောတဲ့အခါ ကလေးတစ်ရောက်လိုမျိုး တစ်ရောက်ရောက်တော့ ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။
ဘဝဆိုတာ ဘာမှမဟုတ်မှန်းသိတဲ့အရွယ် ရောက်ရင် ကျုပ်လိုပဲ ဖြစ်နေကြမယ်ဆိုတာ ကျုပ်ရဲ့အတွေးပါ။ အတွေးဆိုတာ အပြစ်၇ှိတယ်ထင်ရင် အပြစ်ပေါ့။ကျုပ်တော့ အဲလို မထင်လို့ ပြောချင်တာပြောပစ်လိုက်တယ်။ ဘာမှမတက်နိုင်တဲ့အခါ ဘဝဆိုတာ တစ်ခုခု တော့ ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သဘာဝတရားကိုယ်တိုင်ကိုယ်က သူရဲ့ ခံနိုင်ရည်ရှိသလောက်သာ ဖန်တီးပေးခဲ့တာပါ။ဘာမှ မတက်နိုင်ရင် ဒီအတိုင်းပဲ ကြည့်နေရတာမလား။ကြည့်နေလိုက်ပေါ့။ဘဝ ရဲ့ ကြိုးဝိုင်းထဲမှာ ကြုံတွေလာခဲ့ ရင်ပြောပါတယ်။
ကိုယ်တိုင်တက်နိုင်ရင်တော့ ကူညီပေးလိုက်ပေါ့ဗျာ။ကူညီနိုင်ရင်ပြောပါတယ်။မကူညီနိုင်ရင်တော့ သဘောပါ။ ဟုတ်ကဲ့ ကလေးတစ်ရောက်ရဲ့ ဟန်ဆောင်မှုမှာ ဒါတွေ မပါဘူးလို့ ဆိုလိုချင်တာလား။ရပါတယ်။ ခင်ဗျားကိုယ်တိုင် ဟန်ဆောင်မှုကင်းဖို့ဆိုတာ ခင်ဗျားကိုယ်တိုင် ကိုယ့်အလိုကျ ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဒီလိုသာဖြစ်နေမယ်ဆိုတာ သေချာတယ်။ကဲ ကျုပ်တို့တွေ ကလေးတစ်ရောက်ရဲ့ အတွေးကို ဘယ်လို နားလည်ပေးကြမလဲ။ကျုပ်တို့ကိုယ်တိုင် ကလေးတစ်ယောက်ဆိုတာ မယုံရင် အမေနဲ့တွေရတဲ့အခါ သိရမှာပါ လို့ နားလည်ရင်းနဲ့ ကလေးတစ်ရောက်ရဲ့ဟန်ဆောင်မှုကို ကျုပ်တို့ကော်ပီလုပ်နိုင်ဖို့လိုတယ်။တကယ်ကို လိုအပ်ပါတယ်။

ဆန့်ကျင်ဘက် အရိပ်  

Posted by: ninesixnine in


(၁)
အတွေးသမားက တွေးနေမှာပဲ။
အဆွေးသမားက ဆွေးနေမှာပါ။
ဆန့်ကျင်ဘက်သမားကျပြန်တော့ ဆန့်ကျင်နေမှာပေါ့။
နောက်လိုက်သမားက နောက်က လိုက်နေမှာပါ။
ခေါင်းဆောင်ချင်တဲ့သူက ခေါင်းရှောင်နေလို့မရဘူး။
(၂)
ပုံရိပ်ဆိုတာ မူရင်းက ထွက်ကြလာတာပါ။
မူရင်းမှ မကောင်းရင် မတ္တူဆိုတာ ကောင်းနိုင်ပါ့မလား။
ဘဝအကျိုးပေးပါလေ ဆိုပြီး
ဒီလိုပဲ နေကြရင် ပိုဆိုးလိမ့်။
မထင်သေးတဲ့ မူရင်းတွေကို ကျုပ်တို့အရိပ်ကျလာစေဖို့
လုပ်ရမယ် ကဲ...............
အချိန်မရှိဘူး အချက်ပြသံချောင်းကို
ကိုယ်တိုင်သာ ခေါက်လိုက်ကြစို့ရဲ့။
(၃)
မဖြစ်ချင်တဲ့ ဆန္ဒဆိုတာသာ ရှိခဲ့ရင်
ဖြစ်ချင်တဲ့ ဆန္ဒဆိုတာ ရှိမှာပဲ။
တားဆီးလေလေ သွားချင်လေလေဆိုတာ
ကျုပ်တော့ မြင်အောင်ကြည့်တက်လာပြီ။
ရုပ်ဝတ္ထုရဲ့ လှည့်စားမှုကိုမှ ကျုပ်က ခုံမင်မိရက်သားဖြစ်နေတယ်။
အရိပ်မထွက်တဲ့ လူမှာ
အရိပ်မရှိဘူးဆိုတာ ယုံပါ။
(၄)
ကြည့်တိုင်းမြင်တက်တာ မဟုတ်တော့
ဘယ်လိုပြရမလဲ။
မြင်သူတိုင်းလဲ ကြည့်တာမဟုတ်
ဘဝရဲ့အာသာဆန္ဒတွေကို ကျုပ်တို့ နဲနဲလေးဖြစ်ဖြစ်
အရိပ်မထွက်စေဖို့ အမှောင်ထဲမှာ နေကြည့်ကြစို့လား။
နေနေရတာက အမှောင်ထဲပါပဲ
အလင်းရောင် ကို မှ အလင်းရောင်လို့တန်းဖိုးမထားတက်ရင်
လူဘဝဆိုတာ
ကျုပ်တို့ဖြစ်နေရတဲ့ ကမ္ဘာအတွင်း
ရှင်းလင်းစွာ သိကြဖို့
ကဲ ...... ဆန့်ကျင်ဘက်အရိပ်ထဲကို
ကြိတ်မှိတ်ပြီး ဝင်အိပ်လိုက်ကြစို့။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

သူ့အတွက် ဆေး  

Posted by: ninesixnine in

ကျုပ်က အပြောမကောင်းပါဘူး။နှုတ်လည်းမချိုပါဘူး။ဘဝမှာ ဘာမှ အရေးမကြီးဘူးဆိုတဲ့ သီဝရီနဲ့ ယှဉ်သန်ခဲ့တာ ခုဆိုရင် သုံးဆစ် ကို တစ်ဆစ်ချိုးခဲ့ပါပြီ။အကောင်းဆုံးဆိုတာကို ရှာဖွေရင် နစ်မြောခဲ့တာ နှစ်ပရိစ္ဆေဒများစွာရှိခဲ့ပါပြီ။အကောင်းပြောတက်သူတွေနဲ့ တွေ့ခဲ့ရလို့ ကျုပ်လဲ အကောင်းပြောတက်လာပါပြီ။ နှုတ်ချို လျှိုတစ်ပါးဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့လို့ နှုတ်လဲချိုတက်လာပါပြီ။အမြင့််ဆုံးအရည်အသွေးတွေ မလိုက်နာနိုင်ခဲ့လို့ ကိုယ်လိုက်နာနိုင်တဲ့ အရာလေး လောက်နဲ့တင် ကြေနပ်နေတက်ခဲ့ပါပြီ။ကာလသုံးပါးရဲ့အပေါ်မှာ ဘယ်လိုမျိုးအသက်ရှူရမယ်ဆိုတာကို ကောင်းကောင်းလေ့လာရင် နဲ့ ဘဝကို ထုဆစ်တက်အောင် ကိုယ့်ကို ကိုယ်နေသားတကျဖြစ်အောင် အကောင်းဆုံးပြင်ဆင်မယ်လို့ တွေးမိတဲ့အခါတိုင်း အာရုံတွေရဲ့ လှည့်စားရာနောက်မှာ တကယ်ကို နစ်မွန်းတက်ခဲ့ပါပြီ။ကျေးဇူးတရားတွေကို အဖန်တစ်ရာမက အောင့်မေ့ရင်း ကိုယ့်ရဲ့ ပုံရိပ်အပေါ်မှာ ကိုယ့်ရဲ့အရိပ်အပေါ်မှာ မိုးနေတဲ့ အရိပ်မဲကြီးတွေကို ကောင်းကောင်းရှောင်နိုင်ဖို့ကျင်ကြံနေဆဲ ရှာဖွေနေဆဲပါ။ဘဝဆိုတဲ့ ဖိနပ်အပေါ်မှာ နေထိုင်ပြီး အလှအရိပ်တို့မိုးနေတဲ့ ဒီမြေကြီး နဲ့ ဒီကောင်းကင်အောက်မှာ ကျုပ်အတွက် ရှင်သန်စရာ နုားခိုစရာကို ရှာဖွေရင်း ကျုပ် ပုံမှန်အသက်ရှူနိုင်ဖို့ ညီမလေး ရဲ့ နုညံ့ငြင်သာတဲ့ မေတ္တာစကားတွေအောက်မှာ ကျုပ်ပြားပြားဝပ်မလို့ပါ။ ကောင်းတယ် မကောင်းဘူးဆိုတာကို မဆုံးဖြတ်နိုင်သေးလို့ အမှန်တရားကို ဖုံးကွယ်တက်တဲ့ အဝဇ္ဇာ ကို ကျုပ်လေ ကောင်းကောင်းကြီး မြင်ချင်လွန်းလှပါပြီ။ ပုံမှန်အသက်ရှူမှုနဲ့ မတူတဲ့ အသက်ရှူပုံတွေကို ညီမလေးအတွက် သင်ပြရင် ကျုပ်က မေ့နေခဲ့တာပါ။ဘဝမှာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်ဆိုတာလဲ အမေက သင်ပြခဲ့ပါတယ်။နေရောင် လရောင်တွေရဲ့ ရဲရင့်မှု ငြိမ်းချမ်းမှုတွေကို ခုဆိုရင် ကျုပ် ကောင်းကောင်းသိနေခဲ့ပါပြီ။မပြောကောင်း မဆိုကောင်း ကျုပ်တွေးထင်နေသလို မဖြစ်ပါစေနဲ့။ အိပ်မက်ထဲမှာ တွေးထင်ထားတဲ့ ပုံရပ်များအတွက် ကျုပ် သိလိုက်ပါပြီ။ည ဆိုတာ အိပ်မပျော်သူအတွက် ရှည်လျှားသလို နှစ်ခြိုက်စွာ အိပ်ပျော်တက်သူအတွက် တိုလွန်းတယ်ဆိုတာကို ကျုပ်ကောင်းကောင်းနားလည်နေပါပြီ။ ဆရာမိဘ တွေရဲ့ စကားထက် အရေးပါတဲ့ စကားမရှိဘူးဆိုတာ သေချာလို့လား လို့ အိပ်မက်ထဲမှာ မေးရင်းနဲ့ မိုးလင်းခဲ့ရပေါင်းများပါပြီ။လူတွေ အတွက် ကျုပ်တို့ လူပီသ ရမယ်လေဗျာ။ ပုံမှန်သာ ကျုပ်တို့ အသက်ရှူနေရင် ဘာမှ စိုးရိမ်နေစရာမလိုပါဘူး။ခုဟာက ကျုပ်တို့က ကောင်းကင်ကို ကြည့်ပြီး ကမ္ဘာမြေကို ဥပေက္ခာ ပြုနေကြတယ်ဆိုတာ ကျုပ်သဘောပေါက်လိုက်ပါပြီ။တကယ်ဆိုရင် ကမ္ဘာမြေမှာ ဒီ ဓါတ်ကြီးလေးပါ လိုအပ်နေမှန်း မွေးကတည်းက သိရမှာပါ။ကျောင်းသင်ခမ်းစာတွေကြားမှာ ဗျာများနေကြရင် ကျုပ်တို့က ကျောင်းပြင်ပ က သင်ခမ်းစာတွေကို အာရုံပြုနေကြတယ်ဆိုတာ သေချာပါတယ်။ ကျုပ်တို့အတွက် တကယ့် အားဆေးဖြစ်စေတဲ့ အရာဆိုတာ ကျုပ်တို့ရဲ့ အသက်ရှူမှု ရိုးသားစွာ အသက်ရှူမှုဆိုတာကို ညီမလေးကို ပြောရင် ကျုပ်လဲ နားလည်အောင် ကြိုးစားလို့နေပါတယ်။ သူအတွက်ဆေးတွေ သူ့အတွက် အားဖြစ်စေမယ့် အရာတွေကို ပေးရင် နဲ့ ကျုပ်ရဲ့ပညာသင်နှစ်ကို ရိုးရှင်းစွာ ပြီးဆုံးဖို့ ကျုပ်မျှော်လင့်ချင်တယ်။အရေးပါတဲ့ စက္ကူတွေ ရှိသလို အမှိုက်ပုန်းထဲက စက္ကူတွေကို ကျုပ်တို့နေ့တိုင်းမေ့နေကြတယ်။မျှော်လင့်ထားတာတွေအတွက် အိပ်မက်နေကြရင် မျှော်လင့်မထားတာတွေ အတွက် ကျုပ်တို့ နဲ နဲလေးမှ မတွေးချင်ကြဘူး။တရားမျှတမှု တရားမမျှတမှုအတွက် ဘဝမှာ တရားသူကြီးမလိုအပ်ဘူးဆိုရင် ကျုပ်တို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ကံကြမ္မာကို ရိုးမယ်ဖွဲ့ ပြီး ကိုယ်ပိုင်စာချုပ်နဲ့ ခန့်အပ်ပစ်လိုက်မယ်။ကဲ ညီမလေး .........ရယ် ဒီည ကိုယ်တို့တစ်တွေ အရိုးသားဆုံး အသက်ရှူကြဖို့ ကိုယ်တို့ ရဲ့ ပစ္စုပ္ပန်မှာအကောင်းဆုံး စိတ်ထားလိုက်ကြပါစို့။

တစ်ရက်တည်း တို့တွေနားကြပါစို့  

Posted by: ninesixnine

(၁)
ကိုထီးရဲ့သီချင်းထဲက စာသားလေးရယ်ပါ။ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူနဲ့
တစ်စက္ကန့်လောက်တောင် မခွဲနိုင်ဘူး
ဆိုတဲ့စကား ငယ်ငယ်ကြားခဲ့စဉ်က ပိုတယ်ထင်ပေမယ့်
ခုတော့ လိုများတောင် လိုနေမယ်။တကယ်ပါဗျာ။
ကျုပ် လေ ကျုပ်ညီမ နဲ့ ခဏလေး တကယ့်ကို ခဏလေးပါ။
အဲဒီ ခဏလေးက ကျုပ်တို့နှစ်ယောက်ကို ဘာဖြစ်
စေမယ်ဆိုတာ ကျုပ်မသိသလို သူလည်းမသိဘူး။တဖြေးဖြေး နဲ့
နေဝင်ချိန်ကိုဦးတည်နေတာ မဖြစ်ပါစေနဲ့။
ကျုပ်ညီမလေးကို ပြောစရာတွေ မှာစရာတွေ
ဆုံးမစကားဆိုစရာတွေ အများကြီးရှိသေးတယ်။အဲဒီနေ့ ပေါ့ဗျာ.
မှတ်မိတယ် ဘယ်တော့မှ မမေ့ဘူး။ အင်တာနက်
ကွန်နရှင်တွေ ကျနေတာ ၂ ရက်ခန့်ရှိပြီ။ညီမနဲ့ လဲ ချိန်မိပြီး
သာဖြစ်နေတယ်။ညီမက လည်း တကယ့်အရေးကြီးတဲ့
အပိုင်းတွေ တိုင်ပင်မယ်နဲ့တူတယ်။အော် တိုက်ဆိုင်လိုက်တာ များဗျာ။
တကယ်ပါပဲ။သူလဲ အွန်လိုင်းလာပြီး ငိုချင်တယ် တဲ့။ဘယ်လိုလဲ နံရံကို လက်သီး နဲ့ ထိုးလိုက်ရရင် ကောင်းမလား။ကဲ ကွာ......................ဝုန်း.....................ဒိုင်း.........................။
(၂)
အခန်းဆက်တွေဆိုရင် ငယ်ငယ်က အရမ်းမုန်းခဲ့လို့ ဘယ်တော့မှ ကိုရီးယားကားတွေ ကြည့်ဖို့စိတ်မကူးခဲ့။ ကျုက်က မျှော်တလင့်လင့်
စောင့်နေရမှာကိုလဲ စိတ်မပါဘူး။နောက်ပြီး စိတ်ခံစားမှုအပိုင်းကိုလည်း အဲလောက်အချိန်မပေးနိုင်ခဲ့လေတော့ အင်း ဒါတွေ ညီမ
နားလည်ပြီးသားပါ။
တစ်ရက်လေးပါပဲ။တကယ်ပါဗျာ။စိတ်ဆိုတာ ဆိုးတက်မှန်း
ကောက်တက်မှန်းကျုပ်သိပါတယ်။ ဒါပေမယ့် ကျုပ်ညီမက
ကျုပ်ကို ကောင်းကောင်းနားလည်နိုင်ကောင်းပါရဲ့ နော်။
ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုပ်ပစ်မလို့ ဘယ်လိုမှ အဖြေက ထွက်မလာဘူး။
ကျုပ်ကို လုံးဝစိတ်နာသွုားတာတော့ မဖြစ်နိုင်ဘူး။ကျုပ် အဲဒါကို ယုံတယ်။လွယ် လွယ် နဲ့ ရခဲ့တဲ့ ယုံကြည့်မှုမျိုးတော့ မဟုတ်ဘူး။တကယ်ပါ။
တစ်ရက်ကို ၂၄ နာရီများလွန်းတယ်။မြန်မြန်သာ ကုန်ပါတော့။
တစ်ရက်တည်း တို့တွေ ငြိမ်းကြပါစို့။
(၃)
အချစ်ဆိုတာ တွေ့တာ ငါ့အတွက်နောက်များကျနေမလား။ညီမ အကိုတို့ဘာဆက်လုပ်ကြမလဲ။တစ်ယောက်ရဲ့ ဝါကျတွေကို တစ်ရော် ဖတ်တက်နေကြပြီ။ဘာသာပြန်တက်နေကြပြီပဲ။
ညီမ ရယ် ဒီထက်ဘာလိုအပ်အုံးမှာတဲ့လဲ ကဲ ပြောပါအုံး။
ညီမ က ပြောတယ်နော်။ ကြောက်တယ် ကြောက်တယ် ဆိုတဲ့စကားကို ။
ခဏ ခဏ မပြောပါနဲ့ ညီမ။
ကူးတက်လို့ပါ။အကိုယ့်မှာ တောင်ပံတစ်စုံပါရင် တော့ ညီမ ရယ်။ဒီည မှာပဲ ညီမထံအရောက်လာခဲ့မယ်။သိလား................။စိတ်ထဲမှာ ခဏ ခဏလာရဖန်များတော့
စိတ်တောင်ပံတစ်စုံ တောင်မှာ အတောင်ညောင်းနေပြီသိလား။
ညီမ အကိုယ့်ရဲ့ စိတ်တောင်ပံတစ်စုံအတွက် ဒီည တော့
နားခိုခွင့်ပြုပေးပါ။ညီမ နဲ့ ကိုယ်တို့ ရဲ့ စိတ်တောင်ပံတစ်စုံကိုကောင်းကင်ဖြစ်မည့် ပင်လယ်ရေငွှေ့တွေကြားမှာ တစ်ညတာ နားခိုကြပါစို့
ဒီတစ်ရက်တည်းပါ တကယ်ကို အနားယူမှဖြစ်မယ်။

ရွေ့နေတဲ့ စက္ကန့်များ  

Posted by: ninesixnine in

ကြာတော့ ကြာခဲ့ပါပြီ။ငယ်ငယ်က သူငယ်တန်းကျောင်းသားဘဝမှာတွေခဲ့ဖူးတဲ့ ဆရာတစ်ယောက် အသက် ၃၀ နှစ်လောက်ရောက်မှ ပြန်တွေ ရတဲ့ အခါ စိတ်ထဲမှာ ဘယ်လိုခံစားခဲ့ဖူးပါသလဲ။စိတ်ကူးနဲ့ တွေကြည့်စမ်းပါလား။ ၂၅ နှစ်ကျော်ကျော် လောက် ကွဲကွာခဲ့ရတဲ့ ကာလတစ်လျှောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘာတွေဘယ်လို ဖြစ်နေမှာလဲ။ ဆရာလဲ ဆရာ့အတွေးမရှိနိုင်သလို တပည့်တစ်ယောက် အနေနဲ့လဲ တပည့်တစ်ယောက်ပါလားဆိုတဲ့အတွေးရှိနိုင်မယ်မထင်ပါဘူး။ဆရာ့ရဲ့မျက်နှာမှာ
ဇရာဆိုတဲ့တရားက ပြနေပြီ။ အော် ....ဆရာအိုနေပြီပါလား။ဒါပေမယ့်သူ့ကိုယ်သူအိုတယ်လို့ မထင်တဲ့ကျုပ်တို့ဆရာ တကယ်ကို ကလေးလေးတစ်ယောက်အတိုင်းပဲ။သူရဲ့ ပါပြင်မှာ ဇရာအရိပ်ရောင်တွေ မြင်နေရတယ်။သူဆိုတာ ကျုပ်တို့ရဲ့ဆရာကို ပြောတာပါ။နောက်ပြီး သူက ပြောသေးတယ်။ဟာ ငါ့တပည့် မင်းငယ်ငယ်က လေ ဘယ်လိုဆိုးခဲ့တာ မှတ်မိလား။ ငါလေ မင်းတို့ကို ဘယ်လိုစာသင်ခဲ့တာ မှတ်မိလား။ခုချိန်မှာ သူ့သားတောင်မှ ဘွဲ့တွေ ဘာတွေ ရနေပြီ တဲ့လေ။သူ့သားကို ညွှန်းပြီးပြောနေလိုက်တာ။ အော် ဆရာရယ်...... လို့သာ ပြောလိုက်ချင်တယ်။ ငယ်ငယ်က ပါ။ကျုပ်က သိပ်ပြီးထူးချွန်ခဲ့တာမဟုတ်။ ခဏ ခဏ အတန်းရှေ့ထွက်ရပ်ရလို့ တစ်ကျောင်းလုံးကို မျက်မှန်းတမ်းမိနေပြီ။ အင်း ဒါလဲ ဆရာကျေးဇူးပါ။သင်္ချမှာ သိပ်ပြီး ညံ့လွန်းလို့ အလီတွေကို အိမ်မပြန်ပဲ ကျက်ခဲ့ရတယ်။ ကျုပ်က လဲ လူတစ်မျိုး တက်ပြီဟေ့ ဆိုရင် လုံးဝနောက်ပြန်လှည့်ကြည့်ချင်တာမဟုတ်။ ရွာမှာ အမှောင်ကြီးစိုးနေချိန် အခြားသူတွေ ပျော်ရွှင်နေချိန် ညရောင်ဝါဝါ လရောင်ရဲ့အောက်မှာ တစ်ယောက်တည်းပါပဲ။ကြောက်ရကောင်းမှန်းလဲ မသိဘူး။အဲဒီနေ့က မှတ်မိသေးတယ်။ ကျုပ်ဘကြီးသေနေတယ် တဲ့။ ရွာမြောက်ပိုင်းမှာ လူတွေစည်ကားနေတယ်။ကျုပ်က ပွဲရှိတယ် ထင်နေတယ်။ အမေက အိမ်ပြန်မလာလို့တဲ့ တစ်ရွာလုံးလိုက်ရှာနေတယ်။ အမက ထမင်းမစားလို့တဲ့ မြည်တွန်တောက်တီး နေတယ်။ အကိုတွေက အပျိုလှည့်နေကြတယ်။ဘာမှ မဟုတ်သလိုပဲ အဲဒီညက သင်္ချာအတွက် အလီတွေ ကြိုက်သလောက်ကျက် လုံးဝကို အလွတ်မရခဲ့ဘူး။ လမင်းနဲ့ ကြယ်လေးတွေက ကျုပ်ကို လှောင်ပြောင်နေကြတယ်။ ခုဆိုရင် ကျုပ်တို့ရွာက စာသင်ကျောင်းကြီး မှောင်နေတုန်းပဲ။လူမနေတဲ့ နေရာတွေမှာ မီးတွေထိန်နေပေမယ့် ဘာလို့ ကျုပ်တို့ရွာက စာသင်ကျောင်းကြီး မီးမှောင်နေတာလဲ။ ကျုပ်လဲ စဉ်းစားတယ်။စဉ်းစားရင် နဲ့ မိုးလင်းခဲ့ ရပေါင်း များပြီ။မတက်နိုင်ဘူးဆိုပြီး ဒီအတိုင်းထားလိုကကြမလား။ ဒီလိုနဲ့ ကျုပ်တို့ဆရာတပည့် ရန်ကုန်မြို့က မီးရောင်စုံတွေရဲ့ လမ်းမပေါ်မှာ လမ်းလျှောက်ရင် စကားပြောခဲ့တယ်။ သူ့မှာ တာဝန်ရှိသလို ကျုပ်မှာလဲ တာဝန်ရှိတယ် တဲ့။ကျုပ်တို့နှစ်ယောက်မှာ ဆရာတပည့် နှစ်ယောက်မှာ တာဝန်ရှိသလို အားလုံးမှာ တာဝန်မကင်းဘူးတဲ့။ဒါနဲ့တင် ဆရာက သူဖြတ်သန်း စီးမျောခဲ့ရတဲ့ သူဘဝ သမိုင်းကြောင်းတွေ ကျုပ်ကို အားရပါရ တစ်ဝကြီးပြောပြနေတယ်။ ငယ်ငယ်က လေးစားခဲ့လို့ထင်တယ်။သိပ်ပြီး နားထောင်လို့ကောင်းတာပဲ။ ရွာက အလှူပွဲတစ်ခုမှာ ဆရာ နဲ့ တစ်ခါစုံလိုက်သေးတယ်။ မောင်ရင်လောင်းလှည့်နေချိန်မှာ ကျုပ်တို့ဆရာတပည့် မောင်ရင်လောင်း ကွမ်းတောင်ကိုင်တွေ မကြည့်နိုင်ဘူး။ စာသင်ကျောင်း အဟောင်းကြီးပေါ်မှာ တက်ပြီး မြန်မာနိုင်ငံ ရဲ့ သမိုင်းကြောင်းတွေအားရ ပါးရ ပြောနေကြလေရဲ့။ ဆရာတပည့်ဆက်စံရေးမှာ နားလည်မှုတွေ အများကြီး ပါတယ်။နောက်ပြီး ငယ်ငယ်က ကျုပ်တို့ သိပ်ချစ်ခဲ့တဲ့ ဆရာမ လူမသိ သူမသိ သေသွားတဲ့ဆရာမ အရာရာကို အနစ်နာခံပြီး အားလုံးအတွက် ခေါင်းခံသွားတဲ့ အဲဒီဆရာမလေး အကြောင်းကိုလည်း ဆရာက ကျုပ်ကို ဘာမှ မဆိုင်ပဲ အားပါးတရ ပြောပြသေးတယ်။ရွေ့နေတဲ့ စက္ကန့်တွေက အများကြီး ရယ်ပါ။ပြောင်းလဲသွားတဲ့ အနေအထားတွေက အများကြီး ရယ်ပါ။ဒီတစ်ခါသာ ၇ွာပြန်ရောက်ရင် ကျုပ်တော့ ဆရာ့နားမှာ သွားပြီး နားထောင်ရအုံးမယ်။ဆရာ ကျန်းမာ ချမ်းသာပါစေ။ပြန်လည်တွေ့စုံနိုင်ရပါစေသား။

အချစ်ကို ပုံဖေါ်ကြည့်ခြင်း  

Posted by: ninesixnine

widgets

Swinging Love Hearts Maker
ဘဝတစ်ခု ကနေပြီး ဘဝနှစ်ခုဖြစ်သွားတယ်
အစမှာ ပြောပါတယ်။
ဘဝနှစ်ခုမှ တစ်ခါ
ဘဝတစ်ခုဆိုတာ ဖြစ်သွားပြန်ရော
သိပ်ပြီး ခိုင်မြဲနေကြတဲ့ အလည်ပိုင်းခန့်ပေါ့။
အော် ဒီလိုနဲ့ နှစ်များကြာလာ
တစ်ခုက နှစ်ခု
နှစ်ခုက တစ်ခု
နောက်ပိုင်းရောက်ပြန်တော့
အများကြီး တကယ့်ကို အများကြီး။
ဒါကို နှစ်ဘဝထဲက တစ်ဘဝ
တစ်ဘဝထဲက နှစ်ဘဝ
အမျိုးမျိုး ခွဲကြည့် တွဲကြည့်တယ်။
အော် နောက်ဆုံးတော့ အချစ်ဆိုတာ
အချစ်ပါပဲ။
အဘိုးကြီး နဲ့ အဘွားကြီးထိ တိုင်အောင်
ပြောတက်ကြတယ် မင်းကို ငါသိပ်ချစ်ပါတယ် တဲ့
ပုံထဲက အသဲလေးတွေလို
မခွဲရက် မခွါနိုင်။

စိတ်ထဲက အလှ  

Posted by: ninesixnine


စိတ်.....................
အော် ဘဝရယ် လို့ထိုင်ပြီးငိုနေတော့မှာလား။
ကျုပ်တို့က အဝေးကနေ လွမ်းနေရတာပါဗျာ။
မျက်ရည်...............
မလုပ်လိုက်ပါနဲ့ ညီမလေးရယ်
စိတ်ချင်းက ဆက်သွယ်မှုရှိပါတယ်ဆိုမှ
ဘာတွေဆက်ပြီးလုပ်ကြမယ်ဆိုတာ
အကိုယ်စိတ်ဝင်စားတာပါ။
ဘဝ.....................
အခက်အခဲ တဲ့လား ဘဝအခက်အခဲတဲ့လား
ဘာမှမဟုတ်ဘူး ကြောက်တယ်ဆိုတာ
ပျော့ညံ့သူတွေအတွက် ဝေါဟာရ
ငါတို့နှစ်ယောက်အတွက်မလိုအပ်ဘူး။
ဖြစ်ခွင့်.....................
မသေမချင်းဖြစ်ချင်တာ ဖြစ်ခွင့်ရှိတယ်
ရင်ကျက်မှုဆိုတာ အနဲဆုံးအချိန်တော့ ရင်းနှီးရတယ်
အချိန်က အဆုံးအဖြတ်ပေးမှာပါ
ဘာမဆို အကိုယ်တို့နှစ်ယောက်ဖြစ်ခွင့်ရှိတယ်။
ခဏ..........................
ခဏလေးဆိုပေမယ့် ငါပျော်တယ်
အကြာကြီးဆိုရင်လဲ ပျော်မှာ
ဘယ်တော့တွေ့ရမလဲ ဆိုတာပဲ အရေးကြီးတယ်
ခဏလေးများစွာမှာ အကိုယ်တို့အများကြီးကြိုးစားရမယ်။
မာယာ.......................
ညီမ ဘဝကိုလှည့်စားတက်တာတွေက အများကြီး
အကိုယ့်ညီမ မခံရစေနဲ့သိလား
ဘာဖြစ်ဖြစ် ညီမက အားလုံးရဲ့ထိပ်ဆုံးမှာ
သီချင်းတစ်ပုဒ်ရဲ့ သမိုင်းကြောင်းကို သိလိုက်တော့
အကိုက...... ညမှောင်မှောင်မှာ ငိုတက်လာတယ်။
မသိစိတ်.....................
သိပ်ပြီး နုညံ့တာပဲ အဲဒီ စိတ် ပေါ့
မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော ချစ်နေပြီ
ငှတ်ကလေး တစ်ကောင်လို ငါ့စီကိုအပြေးလာခဲ့ပါ။
လိုအပ်ရင် ကြိုပြောပေးပါ။
အကိုယ့်မှာ တောင်ပံတစ်စုံ လိုနေတယ်
အဝေးကြီး ပျံခဲ့ရင်
ကျေးဇူးပြုပြီး .......................
ကျေးဇူးပြုပြီး..............................။

မှန်တတ်တဲ့အမှား  

Posted by: ninesixnine


(၁)
ကိုယ့်လူ မှားမှာကြောက်နေလား
ရတယ်လေ။ပြောနေကြစကား လုပ်နေကြ အလုပ် သွားနေကြ နေရာ တွေးနေကြ အတွေးဘာပဲဖြစ်ဖြစ်ပေါ့လူပဲ မှန်မယ် မှားမယ်။အလုပ်လုပ်ရင် မှားမယ်။စကားပြောရင် မှားမယ်။ဟာ မလုပ်ရဲဘူး တဲ့ မှားမှာကြောက်လို့တဲ့။ မွေးကတည်းက မှန်လာခဲ့တဲ့သူ ဘယ်သူရှိလဲ။ကဲ ပြောစမ်း။ဘာမဟုတ်တဲ့ နေရာတွေမှာ သိပ်ပြီး နေရာပေးနေကြတယ်။ဟာ ကျုပ်တို့က ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့။တော်စမ်း သမိုင်းကို ပြန်ကြည့်။အတိတ်က သမိုင်းကြောင်းတွေပြန်လေ့လာ။အဖြေ ဘာလဲဆိုတာ တွေ့လိမ့်မယ်။တစ်ခါ တစ်ရံ တွေးကြည့် မဟုတ်ပါဘူးဗျာ အမြဲတွေးကြည့် အမြဲစိတ်ဆင်းရဲတယ်။တွေးဖို့တောင် မကောင်းတော့ဘူး။အော် မတွေးလို့က လဲမဖြစ်။
(၂)
အခြေခံစိတ်ဓါတ်ကိုပြောပါတယ်။ဘယ်က ပြန်စလို့ စရမှန်းမသိအောင်ကို ဖြစ်နေကြပြီလား။ဘယ်သူ့ကိုသနား
ပြီး ဘယ်သူ့ကို ဒေါသထွက်ရမှာလဲ။ယနေ့လူငယ်သည် အနာဂတ်မှာခေါင်းဆောင်တဲ့။ကိုယ့်ကိုကိုယ်တောင်မှ ဘယ်လို အသက်ရှူရမှန်းမသိတာ ဘာကိုသွားပြီးပြောမှာလဲ။ ဟုတ်ပါတယ်ဗျာ တစ်ခုခုကိုက မှားနေတာပါ။ ဘာလို့အောက်တန်းကျတဲ့ အတွေးတွေ တွေးနေကြတာလဲ။ပြောနေကြတာလဲ။လုပ်နေကြတာလဲ။ကဲ ဘယ်လိုပြန်စကြမလဲဆိုတာပဲ အရေးကြီးတယ်။ကိုယ်တစ်ယောက်အတွက်နဲ့ အများအတွက်အမှိုက်ဖြစ်နေရင် သွားပြီ။လူတွေက လူတွေကိုမကြင်နာနိုင်ကြတာ လူအချင်းချင်းမေတ္တာမထားနိုင်ကြတာ ဘာကြောင့်လဲ။ ပြောင်းလဲခြင်းသဘောတရားကို ကျုပ်တို့လက်ခံရမယ်။ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သိပါရက်နဲ့ ဘာလို့တည်မြဲအောင်ကြိုးစားနေကြတာလဲ။ကျူက်ဘာသာကျုပ်စဉ်းစားမိတာပါ။ ဘယ်သူနဲ့မှ မဆိုင်ပါဘူး။ ကလေးတစ်ယောက်အတွက်အရေးကြီးဆုံးက မိဘ။တပည့်တစ်ယောက်အတွက် အရေးကြီးဆုံးက ဆရာ။ သူတို့ကိုယ်တိုင်က သုံးမရရင်တော့ သွားပြီ။
(၃)
တစ်နေ့ထက် တစ်နေ့ တစ်လထက် တစ်လ ကိုယ်ဟာဘာမှ ထူးခြားမလာဘူးဆိုရင် တော့ သွားပြီ။တစ်နှစ်ထက် တစ်နှစ်ဆိုရင် တော့ သွားပြီ။ငါတို့က ကြီးပြီကွ အနာဂတ်က မင်းတို့လက်ထဲမှာတဲ့။ နောက်ပြီး အသက်လေး တော်တော်ကြီးလာရင် ငါက ဘယ်တုန်းက ဘယ်လိုတော်ခဲ့တာဘယ်သူ့ကို ဘယ်လိုလုပ်ခဲ့တာ အများဆုံးသူတို့မဟုတ်တာတွေချည်းပဲ ပြောတက်ကြတယ်။တစ်နေ့တော့ ငါလဲအသက်ကြီးလာလို့ လူကြီးတော့ဖြစ်အုံးမှာသေချာတယ်။ကိုယ့်အလှည့်ရောက်ရင် ကိုယ်ဘာလုပ်မလဲ။ သမရိုးကျ လမ်းကြီးအတိုင်းလျှောက်မှာလား။သိပ်ပြီး စကားတွေဖေါင်းပွလွန်းနေရင် သက်ရောက်မှုမရှိတော့။
အော် အမှားတော့ အမှားပါပဲ။မှန်တက်တဲ့ အမှား မှားတက်တဲ့ အမှားလို့သရုပ်ခွဲနေတာမဟုတ်ပါဘူး။ ဘယ်သူမှားနေတာလဲ စိတ်မဝင်စားဘူး။ဘာမှားနေတာလဲဆိုတာပဲ စိတ်ဝင်စားတယ်။အဲဒီအမှားကို နောင်မမှား အောင်ဘယ်လိုပြင်ဆင်ကြမလဲ။အမှားထဲက သင်ခန်းစာတွေ ထုတ်ယူပြီးဘဝမှာအကောင်းဆုံးဖြစ်အောင် မျိုးဆက်သစ်တွေ တကယ့်လူရည်ချွန်တွေဖြစ်အောင် ဘယ်လို လူတော် လူကောင်းတွေဖြစ်အောင်ပြုစုပျိုးထောင်ကြမလဲ ဒါက အရေးကြီးတယ်။တစ်ယောက်ယောက်ကို မုန်းတီးနေရုံမျှ ဖြင့်တော့အားလုံးကောင်းမလာနိုင်ပါ။ ငါလဲအရာရာတိုင်းမှာ တာဝန်ရှိတယ်။ဒီလိုမျိုး တာဝန်ယူတက်တဲ့ စိတ်ဓါတ် အမြဲရှိနေမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆိုတာရောက်မှာပါ။အပြစ်တွေပဲ ထိုင်ပြောနေရုံမျှနှင့်တော့ အမှန်တရားဆိုတဲ့ ပန်းတိုင်က ရောက်မလာနိုင်ပါ။အားလုံးကို ကိုယ်ဘယ်လိုတုန့်ပြန်သလဲဆိုတဲ့ အချက်ပေါ်မှာမူတည်ပါတယ်။မှန်တက် တဲ့ အမှား။မှားတက်တဲ့ အမှားတို့ကိုခွဲခြားသိမြင်နိုင်ပါစေ။ နိုင်းစစ်နိုင်း (စစ်ကိုင်း)

မကြောက်ဘူးဟေ့ မနက်ဖန်  

Posted by: ninesixnine in


(၁)
လာခဲ့စမ်း ငါ့စီကို တန်းတန်းသာလာခဲ့
ဘာကိုမှ မကြောက်တက်အောင် အမေရှိတယ်
အမေပေးခဲ့တဲ့ သတ္တိတွေ အပြည့်နဲ့
အမေ့သားလေ။
လူတွေလား
ရတယ်လေ သူလဲလူ ကိုယ်လဲလူ
လောကဓံ တဲ့လား ဘာမှမမှု
သူလဲ လောကထဲက ကိုယ်လဲလောကထဲက
လောကအပြင်ဘက်ကိုထွက်လိုက်ပေါ့
ဘယ်သူ ဘာလဲဆိုတာ သိပါလိမ့်
(၂)
အဖေ့ ရဲ့ ခေါင်းမာတက်တဲ့အကျင့်တွေပြည့်နှက်။
ကံကြမ္မာ တဲ့လား.....
သွားစမ်းပါ
ကိုယ်လုပ်ရင် ကိုယ်ခံရမှာပေါ့
ကိုယ်စံရမှာပေါ့ ဘာတွေးစရာလိုလဲ။
သေခြင်းတရား ဟုတ်လား.......
အော် မသေသေးခင် နေရမှာပေါ့
သေရင် မနေ နဲ့ပေါ့ ဒါပဲရှိတယ်။
အင်း ခပ်ပါးပါးလေး တွေးပြီးသွေးအေးစွာမိုက်ကြည့်တယ်။
မနက်ဖန်ဆိုတာ ငါရဲ့အိမ်မက်ပဲ
ဒီနေ့ ပစ္စုပ္ပန်မှာ ငါနေကြည့်တာပါ။
ပြီးခဲ့တာကို လှည့်မကြည့်ချင်ဘူး
တူတူ ပျော်နေရရင် ပြီးတာပဲ ငါနဲ့ထပ်တူ
ငါ့စိတ်နဲ့ ထပ်တူသူရှိရင်
မနက်ဖန်ဆိုတာ အားပါးပါး ပျော်စရာအိပ်မက်ပဲ။
မကြောက်ဘူးဟေ့ မနက်ဖန်လို့ အမေကြားအောင် အော်လိုက်မယ်။
မကြောက်ဘူးဟေ့ မနက်ဖန်။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

အိပ်မက်တံခါး  

Posted by: ninesixnine

ကျုပ်ရဲ့အခမ်းတံခါး အတွင်းမှာမှောင်နေရက်နဲ့
ဘယ်သူ လာပြီးခေါက်လိုက်တာလဲဗျာ။
ဒီည မကုန်ခင်လေးဘဲ ကျုပ်တို့ချစ်ရမှာမို့လို့
ကျေးဇူးပြုပြီး မိုးရယ်မလင်းပါနဲ့လား။
အမှောင်သေမလောက် ကြောက်တက်တဲ့ကျုပ်က
ခုတော့ အမှောင်ကိုချစ်တက်နေပြန်ပြီ
အလင်းရောက်ကို ချစ်တက်တဲ့ကျုပ်က
ခုမှ အလင်းရောင်ကိုမုန်းနေတက်ပြန်တယ်။
အိပ်မက်လေးရယ်
ငါ့ကို ပစ်မထားခဲ့ပါနဲ့
ညကို နှုတ်ဆက်ရမှာနှမျောလို့ပါ။
မနက်ခင်းတို့ရယ် .......
ကျေးဇူးပြုပြီး ကျုပ်ကို မေ့ထားခဲ့ပါ။
ငါလေ အဲဒီညတွေကိုသိမ်းထားချင်ခဲ့တာ
ဘယ်လောက်ထိ ကြာသွားပြီလဲမသိဘူး။
ကဲ အိပ်မက်လေးရယ်
မြန်မြန်လေးသာ ငါ့အတွက်ဆုံးဖြတ်လိုက်ပါတော့။
ငါဟာ အိပ်မက်လေးမရှိရင် မနေတက်လို့ပါ
ငါတို့ဦးတည်ခဲ့တဲ့ ကမ်းတွေလဲမတွေ့ရတော့ဘူး
ပင်လယ်ပြင်က လှိုင်းလေးတွေကြည့်ပြီး
ငါဘာလို့ သတိရနေတာလဲ။
ဒါဆို ရင် ငါတို့တွေ ပင်လယ်ကြီးရှိနေသရွေ့
ငါတို့ရဲ့ အိပ်မက်တွေ ရှင်သန်နေဦးမည်။
ကမ္ဘာမြေကြီး ရှိနေသရွေ့ ငါတို့ရဲ့ စိတ်ကူးတွေ
နိုးကြားပြီး ခွန်အားဖြစ်နေဦးမည်။
နုညံ့တဲ့ လေပြေညှင်းလေးတွေတိုက်ခက်နေသရွေ့
ငါတို့တွေ လျှောက်လှမ်းကြဦးမည်။
အော် မက်ရင်း မက်ရင်းနဲ့ အမုန်း အာဃာတလုံးဝမရှိတဲ့
ငြိမ်းအေး တိတ်ဆိတ်နေတဲ့ ကျွန်းလေးကို
ငါတို့ရောက်ရှိနေကြပါလား။
ကျေးဇူးပြုပြီး လုံးဝမျက်လုံးမဖွင့်ပါနဲ့
အိပ်မက်ထဲက နိုးထသွားမှာကြောက်လို့ပါ။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

လပြည့်ည  

Posted by: ninesixnine


ဒီနေ့ဝါခေါင်လပြည်နေ့ညရယ်ပါ။ညတွေကိုသတိပြုတာများခဲ့တော့ညရောက်ရင်အိပ်မရတဲ့အကြောင်း ညီမလေးကိုပြောကြည့်တော့လိုချင်တဲ့အဖြေက မရ။ကော်ဖီမစ်တွေ မသောက်နဲ့ အပြစ်တင်နေတယ်။ မှားပါတယ် ညီမ ရယ် ။ငါက လည်း ည ရဲ့မှုံဝါးဝါးအလှကိုမှ ကြည့်ချင်ခဲ့တာကိုး။ ငါ့ရဲ့ ချဉ်ခြင်းတက်တဲ့ စိတ်ကိုပဲ အပြစ်ပြောရတော့မယ်။ဟုတ်ပါတယ် ညီမလေး ပြောတာ အကိုယ့်အတွက်ပါ တဲ့။ကြည့်စမ်းပြောတက်လိုက်တာ
ငါ့ အနားကို တိုးကပ်လို့လာပါလား ညီမ ရယ်။အကိုယ်က ညဆိုရင် ညီမလေးက လမင်းပေါ့။ ည နဲ့ လ သာနေရင် တော့ လှတယ် ညီမ။ လမသာတဲ့ ည မျိုးညီမ တွေ့ဖူးမယ်မထင်ဘူး။ကိုယ်တို့ တွေ့ခဲ့တာ အဲဒီ ည တွေကြောင့် ပေါ့ ညီမ ရယ် ။ကိုယ်က ည တွေကို ချစ်တက်ပါတယ်လို့ တစ်ဖွဖွ ပြောခဲ့ပါရက်နဲ့။လမင်း သာတာ အဲဒီည က ဘာလို့ နောက်ကျတာလဲ ညီမ။သန်းခေါင်ကျော်ထိ ကိုယ်စောင့်မယ်။စောင့်ရင် နဲ့အိပ်ပျော်ခဲ့ ရင် ကြယ်တာရာတွေ နှိုးလိမ့်မပေါ့ ။ ညီမ နဲ့ အကိုယ်ပင်လယ်ကိုဖျတ်သန်း တောင်ပံကိုဖြန့် ရွက်ကုန်လွှင့်ပြီး သွားကြမယ်နော်။ဟင်းလင်းပြင်ကြီးကို ကြောက်တက်တဲ့ အကို ညီမနဲ့တွေ့တော့ ကြောက်စိတ်တွေ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး ညီမ ရယ်။ ညီမ အကိုယ်ညီမကို သတိရတာနဲ့လ ကဘာ လို့မသာရတာလဲ။အကိုယ့်ရင်ထဲမှာ ညီမရှိနေပြီ။အမြဲသာနေတယ် သိလား။ဟုတ်တယ်လေ. ညီမ ဒီနေ့ လမင်းကြီးက အရမ်းသာတယ်ကွာ။ပင်လယ်ပြင်ကြီးကို ကြည့်ပြီး နှစ်ယောက်တည်းနေချင်တယ်။ညီမ ပြောခဲ့တဲ့ စိတ်ကူးတွေ တစ်နေ့ဖြစ်မယ်ဆိုတာအကိုယ်ယုံကြည်နေတယ်။ညီမလိုပါပဲ အကိုယ်ရူးချင်ရင် ရူးပါစေ။ဘာဖြစ်လဲ လူတွေဟာ တစ်ခုခုအတွက်ရူးနေကြတာပဲ။အကိုယ့်ရဲ့ နောက်ကြောင်းတွေကို ညီမပြောပြ ရတာ ငယ်ငယ်က ခင်ခဲ့ ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကိုပြောနေရသလိုပါပဲ။ညီမ လဲ ညတွေမှာ ကိုယ်နဲ့အတူရှိနေတယ်ဆိုတာစိတ်ထဲမှာ သိနေတယ်။စိတ်ချင်းဆက်သွယ်မှုရှိနေတဲ့ အကိုယ်တို့တွေ ပင်လယ် နဲ့ ညတွေစီကို အပြေးခရီးနှင်ကြမယ်။ကောင်းတယ် ဆိုးတယ် ဘာပဲဖြစ်ဖြစ် အချစ်ဆိုတာ ချစ်နေဖို့လိုတယ်တဲ့။ဟုတ်တယ် ဘယ်သူမှ တားလို့မရဘူး။ရူးတက်မိုက်တက်တဲ့ အရွယ်တဲ့လား။ မဆိုင်ပါဘူး။အချစ်ဆုံးသူ နဲ့တစ်ခါစုံဖူးရင် ဘဝမှာအပြည့်စုံဆုံးတဲ့။နောက်ဆုံးမှာ အကိုယ်တို့အငြိမ်းချမ်းဆုံး နယ်မြေသို့ ဦးတည်မယ်ဆိုတာတော့ ညီမကို ကြိုတင်ပြီး ပြောထားပါရစေ။အပွင့်လင်းဆုံး အရိုးသားဆုံး
နားလည်မှုနဲ့ အကိုယ်တို့ဆက်လက်ရွက်လွင့်ကြမယ်။ကမ္ဘာ ရေ မြေ ဆုံးရင် ဆုံးပါစေ။မမော မပမ်းရှိနေဖို့ဆိုတာ ညီမ နဲ့ အကိုယ်တို့အကြား အဆုံးမဲ့နားလည်မှုဆိုတာ ရှိဖို့လိုအပ်တယ်။ညီမ ဒီည အကိုယ်လုံးဝ မအိပ်ချင်ဘူး။ညီမအကြောင်း တွေးရင် နေရတာကိုက အကိုယ့်ရဲ့ဘဝတစ်ခုဖြစ်နေလား မသိ။
အကိုယ်ကျေနပ်ပါတယ်။ ည ရယ် ငါ့ကို အိပ်စက်ခွင့်ပေးလိုက်ပါတော့။ညီမလေး ပျော်အောင်အိပ်နိုင်ပါစေ။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

အလိုမတူတဲ့ ...ည  

Posted by: ninesixnine


မတူညီမှုနဲ့ စတင်ခဲ့တော့
ကိုယ်တို့တွေ ဘယ်လိုလုပ်တူညီနိုင်မလဲ။
မကောင်းမှုနဲ့ စတင်ခဲ့တော့
အားလုံးတော့ ဘယ်ကောင်းမလဲ။
ဝေါဟာများတနင့်တပိုး
ကိုယ့်ကိုကိုယ်တောင် လေးလံလို့လာတယ်။
အများအတွက် ရှင်သန်မှာခြင်းမှာ
ငါ ဆိုတဲ့အရာဖျက်ပစ်ဖို့လိုတယ်။
အားလုံးအတွက် တည်နေတဲ့အရာကို
ဘာလို့ ငါ့ဟာလုပ်ချင်ရတာလဲ။
မြစ်ဖျားခံတဲ့ နေရာကို ငါရှာဖွေနေတာမဟုတ်ဘဲ
ဘာလို့ ငါ့ကိုလာပြီးမြစ်ဖျားခံနေရတာလဲ။
လှိုင်းတံပိုးကိုမှ ငါက ရင်ခုန်မိတာကိုး
ရေထဲမှာ ပျော်နေတဲ့ ငါးကို
တာဝန်မဲ့တယ်လို့ ငါမပြောရက်သလို
ကူးခပ် ရုန်းကန်နေတဲ့ ငါးတွေလဲ
သူတို့အတွက် သူတို့ကျေနပ်နေကြမှာပါ။
အဲဒီည က
ရွာဆူသံကို ဘယ်သူဖန်တီးလဲ မေးစရာမလိုဘူး
ဆူညံမှုပြုခြင်းရဲ့အကြောင်းကို ရှာဖွေရမယ်။
အလိုမတူ တဲ့ ညတွေများလာတော့
ကိုယ့်ကိုကိုယ်တောင်မှ အလိုမတူချင်ဘူး။
ကိုယ့်အတွေးနဲ့ ကိုယ်မို့တော်သေးတာပေါ့။
အိပ်လို့မပျော်တာ အဲဒါတွေကြောင့်ထင်တယ်။
အကောင်းဆုံးဆိုတာ ငါနဲ့မဆိုင်သလို
အဆိုးဆုံးကလည်း ငါနဲ့မပတ်သက်။
လျှာတစ်ခုတည်းပဲ အရသာခံတက်တာမဟုတ်ပါဘူး။
ကဲ...... အဲဒီ အလိုမတူတဲ့ ညတွေကို
ကျုပ်တို့တွေ ပြန်လည်ပြီး ဖွင့်အန်ကြစို့ရဲ့...။ နိုင်းစစ်နိုင်း (စစ်ကိုင်း)

ကြိုက်တဲ့လမ်း..... သာရွေး  

Posted by: ninesixnine


လမ်းတွေအများကြီးရှိပါတယ်။ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ လမ်းကောင်းတာ မကောင်းတာကိုကျုပ်မပြောလို ပါဘူး လျှောက်လှမ်းဖို့တာဝန်ကတော့ ကျုပ်တို့ရဲ့တာဝန်ပဲ။ခင်ဗျား ဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ။ တစ်ခုတော့ ရှိတာပေါ့။ခြေထောက်နဲ့ သွားလို့မရောက်နိုင်တဲ့ လောကရဲ့အဆုံးကိုတော့မပြောနဲ့ပေါ့။ဒါတော့ ကျုပ်လဲမတက်နိုင်ဘူး။ကိုယ်လက်လှမ်းမှီသလောက်တော့ တကယ်သွားမယ်ဆိုရင် ရောက်ကြတာပါပဲ။လှမ်းမမှီ နိုင်တဲ့နေရာကိုတော့ မသွားနဲ့။ကိုယ်လက်လှမ်းမှီနိုင်တဲ့နေရာတွေဆိုရင် ဇွဲ ဝီရိယ ရှိသူတွေအတွက် အောင်မြင် မှုက ထာဝရကြိုဆိုနေမှာပါ။ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိဖို့တော့ အဓိက လိုတယ်နော့။ပျော့ညံ တဲ့စိတ်ဓါတ်မျိုးရှိသူတွေဆိုရင် မရောက်တာအမှန်ပဲ။ပျော့ညံ့သူတွေအတွက်နေရာကို မရှိတာပါ။ ရောက်ဖို့ မရောက်ဖို့ဆိုတာထားလိုက်ပါ။သူတို့အတွက်ရောက်နိုင်တဲ့ နေရာကတော့ သူ့လိုမျိုး ပျော့ညံ့သူတွေ ရှိတဲ့ နေရာမျိုးကို ရောက်နိုင်ပါတယ်။ ထက်မြတ် ထူးချွန်သူတွေ ရှိတဲ့ နေရာကိုတော့ ထက်မြတ်ထူးချွန်သူတွေပဲ ရောက်နိုင်တယ်။သတ်မှတ်ချက်တော့ မရှိဘူး။ဒါပေမယ့် ကိုယ့်ရဲ့အားထုတ်မှုက ကိုယ့်ကိုသတ်မှတ်ပေးလိုက် တာပါ။ဘယ်သူမှ ယတိပျက် သတ်မှတ်ပေးနိုင်စွမ်းမရှိပါဘူး။ဘယ်သူမှလဲ အဲလိုမျိုး ပြသနိုင်သည်အထိ အာဏာကုန်လွဲအပ်ထားတာမျိုးမရှိပါဘူးကျုပ်တို့ သိတယ်ဆိုတဲ့အရာတွေက သေးသေးလေးရယ်ပါ။တကယ် ကိုဘာမှ ဟုတ်လှတယ်မထင်ရပါဘူး။လူပဲ လူပီသဖို့ပဲ လိုတယ်ဆိုတဲ့အတွေးတွေ ပေါ်မိပါတယ်။ဒါပေမယ့် မရပါဘူး။အဲဒီလူဆိုတဲ့အထဲမှာပဲ ကျုပ်တို့သိတဲ့လူရဲ့အမျိုးမျိုးဝေါဟာတွေမှာ ကျုပ်တို့တွေဝေနေလို့ မဖြစ်ဘူး။ကိုယ်လုပ်ချင်တာကို ပြတ်ပြတ်သားသားသိဖို့လိုတယ်။နောက်ပြီး အဲဒီပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းဖို့ လိုတယ်။ကဲ ဒီတော့ တွေဝေမနေနဲ့ အချိန်မရှိဘူး။ကိုယ်ကြိုက်ရာ လမ်းကိုရွေးပြီးသာ တကယ် ရောက်အောင် လျှောက်ကြစို့။ကောင်ုးသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျုပ်တို့ လျှောက်လှမ်းရမယ့်အတူတူ လျှောက်ကြမယ်။တစ်နေရာရာတော့ ရောက်မှာပါ ဘယ်နေရာလဲဆိုတာတော့ အချိန်တန်ရင် သိမှာပေါ့။ဘဝက ဒီအတိုင်းပေးမှပေါ့ ကျုပ်တို့တွေ မလိုချင်လဲ မရဘူး။လက်မခံလို့မှမရတာ လက်ခံရမှပဲ။အကောင်းဆုံးဖြစ်နိုင်အောင်ရွေးချင်ခွင့် ဆိုတာကတော့ ကိုယ့်အပေါ်မှာမူတ်ာတာပေါ့။လမ်းတွေ လမ်းတွေ အများကြီး ရှုပ်ထွေးလွန်း နေသလား ရတယ်။ဆက်မလျှောက်တော့ဘဲ ရပ်နေမလား။မရဘူး ကျုပ်တို့ ရောက်အောင်တော့ လျှောက်ရမယ်။ထိုင်ဖို့တော့ စိတ်မကူးနဲ့နော့ ။အခြေအနေက ထိုင်ခွင့်မပေးထားဘူး။ ကျုပ် တို့ ခင်ဗျားတို့တွေ သေသည်ထိလျှောက်ကြရမှာ။ကဲ ပြောနေကြာတယ်ဗျာ။ဆက်လျှောက်လှမ်းကြစို့ လား ။ရေအိုးစင်တွေ့ရင် ရေသောက်မယ်။ဇရပ်တွေ့ရင် နားမယ်။အသီးတွေ့ခူးစားမယ်။မြစ်တွေ့ရင် ရေကူးကြမယ်။ပျော်စရာ ကြီးပါ သေချာတွေးကြည့်မှ ဟုတ်တယ်။ဆက်လက်ပြီး ဆက်လက်ပြီး လျှောက်ကြမယ် မနားတမ်းပေါ့။ နိုင်းစစ်နိုင်း (စစ်ကိုင်း)

ညထဲက ည  

Posted by: ninesixnine in


ဘာမှမမြင်ရအောင် မှောင်နေတယ်။ အမှောင်ထဲက အလင်းလူသားတို့ပြောနေကြ။ ဘာမှမမြင်ရအောင် လင်းနေတယ်။ အလင်းထဲက အမှောင်လူသားတို့ ပြောနေကြ။ပြောချင်ရာသာ ပြော ကြိုက်သလိုပြော နှစ်သက်သလိုဆို ကျုပ်တို့တွေ အမှောင်ဖုံးလွှမ်းနေတယ်ဆိုတာ ကျုပ်တို့ကို ကျုပ်တို့အသိဆုံး မလိမ်ကြေးပေါ့။ ဟုတ်တယ် မဟုတ်ဘူးအတွက် ကျုပ်တို့အချိန်ကုန်ခံစရာမလိုပါဘူး။ကဲဘာလုပ်ကြမလဲ ကိုယ့်လူတို့ အချိန်မရှိ။ နေရာရွေးမနေနဲ့ ကိုယ့်ကျရာတာဝန်ကို ကိုယ့်အသိနဲ့သာ လုပ်ကြစို့။သူများပြောတာ သူများခိုင်းတာစောင့်နေဖို့မလိုအပ်ဘူးလို့ ကျုပ်ထင်တယ်။ ရှေးက တာဝန်ကျေတဲ့သူတွေ တာဝန်ကျေသွားပြီ။ ကျုပ်တို့တွေဘာတွေလုပ်နေတာလဲ။သေချာ ရေရာမှုရှိုဖို့တော့ လိုတယ်နော့။ကျုပ်တို့အားလုံးက တာဝေးအပြေးသမားတွေပဲ ။ ခဏလေး ပဲရှိသေး ရပ်တော့မလို့လား။ပြေးရမှာက အဝေးကြီးကျန်သေးတာနော့။ တာဝေးမှာ စိတ်ဓါတ်ပဲ ။ စိတ်ဓါတ်ခွန်းအား သင့်မှာဘယ်လောက်ရှိလဲ ဒါက အရေးကြီးတယ်။ အဲဒီခွန်အားဆုံးရှုံး ရင်သွားပြီ အကုန်ဆုံးရှုံးတာပဲ။ ဘာမှကို လုပ်လို့ ရမှာမဟုတ်ဘူး။စိတ်ဓါတ်ခွန်းအားတွေ ပေးတဲ့ ဘ၀ကို ရင်းနှီးပြီး ဝေငှသွားခဲ့ကြတဲ့ ဘဝပေးသင်ခမ်း စာတွေ ကျုပ်တို့ တကယ်တန်ဖိုးထားရမှာပါ။ ည ထဲက ညတွေ .......ရှည်လျှားလွန်းတော့ ကျုပ်ဖြင့် ထပဲလမ်း လျှောက်ရမလိုလို ၊ ဟိုပြေးဒီပြေးလုပ်ပြီး ညထဲက ဘဝတွေကို သရုပ်ခွဲကြည့်ရင်ကောင်းမလား။ဘဝထဲက ညတွေကို ပုံဖေါ်ကြည့်ရင်ကောင်းမလား။အခြေအနေနဲ့ အချိန်အခါဆိုတာ လိုအပ်ချက်အပေါ်မှာမူတည်တယ်။ ဒီတော့ ကျုပ်တို့လိုအပ်နေတာ တကယ်အခြေခံလေးတွေပါ။ ကျုပ်တိုရရှိနေတာလဲ တကယ့်အခြေခံ မူဝါဒရဲ့ လမ်းကြောင်းပေါ်က အမှိုက်သရိုက်တွေရယ်ပါ။လူဆိုတာ သူ့ဗီဇနဲ့ သူလာတာပါ။မွေးကတည်းက အာရုံပေါင်း များစွာကို ခံစားနိုင်မှုဆိုစွမ်းအားရှိတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ကောင်းမှု မကောင်းမှုဆိုတဲ့ သတ်မှတ်ချက်မှာ ကျုပ်တို့နေ့စဉ်ရုန်းကန်လှုပ်ရှားသမျှ အဲဒီထဲမှာ ပါဝင်နေမှာပဲ။ ညထဲက ညတွေမှာ ကျုပ်တို့ ဘာတွေလုပ်နေကြတာလဲ။ နေ့ထဲက ညတွေမှာရော......... ညထဲက နေ့တွေမှာရော တွေဝေမနေသင့်တော့ပါဘူး။အခြေအနေပေးလို့ ဘဝက ဟန်ချက်ညီနေတာ မဟူုတ်ပါလား။ ဟန်ချက်ညီခြင်း မညီခြင်းဆိုတာလဲ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ညထဲက ညတွေမှာ ကျုပ်ညီမလေး ရှိနိုင်လောက်ပါရဲ့။ ကျုပ်လည်း ညီမလေးရဲ့ကိုယ်စားညီမလေးကို လွမ်းနေတယ်ဆိုတာလေးပါပဲ။ည ထဲက ညတွေမှာ ကျုပ်ညီမလေး နေကောင်းပါစေ။ပျော်ရွှင်ပါစေ။အိပ်မက်တွေထဲက နိုးထနိုင်ပါစေ။ချစ်ရပါသော သိပ်ချစ်ရပါသော ကျုပ်ညီမလေး ညထဲက ညတွေမှာ အလင်းရောင် ရရှိနိုင်ပါစေ။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

အဝေးက ည  

Posted by: ninesixnine


ငယ်ငယ်က ပါ
အကောင်းဆုံးတွေနဲ့နေမယ်ဆိုပြီး
အမေ့ရင်ခွင်မှာ လိုသမျှရခဲ့တာ ဘာလိုသေးလို့လဲ။
ထမင်းဆီစမ်း ရွှေလင်ပန်းကိုလဲ တောင်းတရမှန်းမသိခဲ့ဘူး။
တက်မက်တဲ့စိတ် တွေဝေတဲ့စိတ်
ဘာမှမရှိခဲ့ဘူးဗျာ အဝေးက ညတွေမှာပါ။
ငယ်ပေါင်းတွေနဲ့ ဟေးလား ဝါးလား
ဆန်ဈေး ဆီဈေးကို ကျက်စာအဖြစ်မတွေးခဲ့
ဖတ်စာအုပ်ထဲလဲ မပါ
အော်... လက်တွေဘဝနဲ့နော်
ဆန်းကြယ်လိုက်တာ အဝေးမှာ ညတွေနဲ့ပါ။
ဘာမှ မဖြစ်ချင်တော့တာ ဘာ့ကြောင့်လဲ
ဖြစ်ချင်တာတွေများတာရော ဘာ့ကြောင့်လဲ
စဉ်းစားရင်း မိုးလင်းခဲ့ရလို့
မက်လက်စ အိပ်မက်လေးတောင် သနားစရာ
မိုးလင်းဖို့တစ်ခါမှ မစောင့်ဖူးဘူး။
နေကုန်အောင်လဲ မလွမ်းဖူးဘူး။
ပန်း ပဲ ကွာတဲ့ ဝေပြီးရင် ကြွေမှာပေါ့ တဲ့။
အော် .....................
ဒီည လဲအရင် ညလိုပဲ နေမှာပါလေ။
အကိုယ်သတိရတာ ညီမမှ မသိတာပဲ။
ရေသောက်မြစ်ကို မထိသေးရင် ရှင်သန်ခွင့်ရသေးတယ်။
နောက် ညတွေဆို ကော်ဖီမသောက်ဘဲ
ပျော်အောင်အိပ်ပြမယ် ကွင်းပြင်ထဲက အိပ်မက်တွေနဲ့ပေါ့။
အဝေက ညလေးကို အော်ခေါ်ကြည့်တယ်။
အဝေက ညလေးက အော်ခေါ်ကြည့်တယ်။
ဟာ အိပ်မက်မဟုတ်မှန်း သိလိုက်တော့ အို ....ဘာလို့နှိုးလိုက်တာလဲ
အိပ်မက်လေးခမျှာ အဝေးက ညထဲပြန်သွားပြီ။
နိုင်းစစ်နိုင်း (စစ်ကိုင်း)

ဒီဘလောဂ် ဖန်တီးရခြင်း......  

Posted by: ninesixnine



အပြောများလွန်းတဲ့ ဒီစကား အစားများလွန်းတဲ့ ဒီသွား .......
အမေ များလွန်းတဲ့ ဒီသား.... မတွေဝေ စမ်းနဲ့ ဒီညများ.....။
အဲဒီညက ဘယ်သူ့ကို သတိရနေမှန်းမသိဘူး ။ ကိုယ့်ဖာသာ စိတ်ထဲသိနေပြီး အမည်ဖေါ်လို့ မရတာ အတောင်ဆိုးဝါးတယ်။ ည ကသိပ်မလှပ ပြန်ဘူး။ကြယ်တွေလဲ မစုံဘူး။လ လဲမသာဘူး။
ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေတယ်။သေချာတယ်ဆိုတဲ့အရာတွေလဲ မသေချာတော့ပြန်
ဘူး။ပုံသေ သတ်မှတ်ထားရမဲ့ နည်းပညာတွေကလည်း အမျိုးမျိုး ပြောင်းလဲ နေကြပြန်။
ကိုယ့်ဖီး နဲ့ကို နေမလို့ပဲ ။ ခြေအငြိမ်မနေနိုင် လက်အငြိမ်မနေနိုင် နဲ့။
ငါ့ခမျာ သနားပါရဲ့.......။
ကြည့်စမ်း ဘယ်လိုမှ မမြင်နိုင်တော့တဲ့ ကြယ်တွေကို လိုက်ရှာနေရတာ မောလှပြီ။
ပြန်မစုံနိုင်တော့တဲ့ အဲဒီညတွေကို စိတ်ကူးပြီး ကြည့်နေပြန်တယ် တဲ့လေ။
မနက်ဖန်အကြောင်း မစဉ်းစားဖြစ်တာ ကြာပေါ့။
နောက်နှစ်ဆိုတာ အဝေးကြီး။ ဒီလောက် ဖောက်ပြန် ပြောင်းလဲ နေတဲ့ နည်းပညာလောက
ဘာမှ မလုပ်ပဲနေရင် ကောင်းမလား။မဟုတ်သေးပါဘူး။ မှားမှာကြောက်နေတာလား။
ငါ့ရဲ့စိတ်က ဘယ်ကလာ။မှားမှာမကြောက်လို့ ရှင်သန်ခဲ့တာ အနှစ်သုံးဆယ်တောင် ကျော်ခဲ့ပြီ။
ဒါနဲ့များ ဘာလိုသေးလို့ လဲ။ရှင်သန်ချင်းရဲ့ အနှစ်သာရ တဲ့ ငါရှာဖိုလိုသေးလို့လား။
သူများကိုလဲ မလိမ်ချင်တော့ဘူး။ ကိုယ့်ကိုကိုယ်လဲ မညာချင်တော့ဘူး။
ပြီးဆုံးဖို့ တစ်ထစ်သာကျန်တော့တဲ့ ခရီးစဉ်အတွက် ငါဘာလို့ တွန့်နေရတာလဲ ။
သေဆုံးခြင်းဆိုတာ နောက်ဆုံ့း ဆုံးရှုံးမှုပဲ။ ဒီတော့ အသက်ရှင်နေသမျှ ဘာမဆို ငါဖြစ်နိုင်တယ်။ နိုင်းစစ်နိုင်း (စစ်ကိုင်း)