အလိုမတူတဲ့ ...ည  

Posted by: ninesixnine


မတူညီမှုနဲ့ စတင်ခဲ့တော့
ကိုယ်တို့တွေ ဘယ်လိုလုပ်တူညီနိုင်မလဲ။
မကောင်းမှုနဲ့ စတင်ခဲ့တော့
အားလုံးတော့ ဘယ်ကောင်းမလဲ။
ဝေါဟာများတနင့်တပိုး
ကိုယ့်ကိုကိုယ်တောင် လေးလံလို့လာတယ်။
အများအတွက် ရှင်သန်မှာခြင်းမှာ
ငါ ဆိုတဲ့အရာဖျက်ပစ်ဖို့လိုတယ်။
အားလုံးအတွက် တည်နေတဲ့အရာကို
ဘာလို့ ငါ့ဟာလုပ်ချင်ရတာလဲ။
မြစ်ဖျားခံတဲ့ နေရာကို ငါရှာဖွေနေတာမဟုတ်ဘဲ
ဘာလို့ ငါ့ကိုလာပြီးမြစ်ဖျားခံနေရတာလဲ။
လှိုင်းတံပိုးကိုမှ ငါက ရင်ခုန်မိတာကိုး
ရေထဲမှာ ပျော်နေတဲ့ ငါးကို
တာဝန်မဲ့တယ်လို့ ငါမပြောရက်သလို
ကူးခပ် ရုန်းကန်နေတဲ့ ငါးတွေလဲ
သူတို့အတွက် သူတို့ကျေနပ်နေကြမှာပါ။
အဲဒီည က
ရွာဆူသံကို ဘယ်သူဖန်တီးလဲ မေးစရာမလိုဘူး
ဆူညံမှုပြုခြင်းရဲ့အကြောင်းကို ရှာဖွေရမယ်။
အလိုမတူ တဲ့ ညတွေများလာတော့
ကိုယ့်ကိုကိုယ်တောင်မှ အလိုမတူချင်ဘူး။
ကိုယ့်အတွေးနဲ့ ကိုယ်မို့တော်သေးတာပေါ့။
အိပ်လို့မပျော်တာ အဲဒါတွေကြောင့်ထင်တယ်။
အကောင်းဆုံးဆိုတာ ငါနဲ့မဆိုင်သလို
အဆိုးဆုံးကလည်း ငါနဲ့မပတ်သက်။
လျှာတစ်ခုတည်းပဲ အရသာခံတက်တာမဟုတ်ပါဘူး။
ကဲ...... အဲဒီ အလိုမတူတဲ့ ညတွေကို
ကျုပ်တို့တွေ ပြန်လည်ပြီး ဖွင့်အန်ကြစို့ရဲ့...။ နိုင်းစစ်နိုင်း (စစ်ကိုင်း)

This entry was posted on 9:41 AM . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Post a Comment