ကြာတော့ ကြာခဲ့ပါပြီ။ငယ်ငယ်က သူငယ်တန်းကျောင်းသားဘဝမှာတွေခဲ့ဖူးတဲ့ ဆရာတစ်ယောက် အသက် ၃၀ နှစ်လောက်ရောက်မှ ပြန်တွေ ရတဲ့ အခါ စိတ်ထဲမှာ ဘယ်လိုခံစားခဲ့ဖူးပါသလဲ။စိတ်ကူးနဲ့ တွေကြည့်စမ်းပါလား။ ၂၅ နှစ်ကျော်ကျော် လောက် ကွဲကွာခဲ့ရတဲ့ ကာလတစ်လျှောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘာတွေဘယ်လို ဖြစ်နေမှာလဲ။ ဆရာလဲ ဆရာ့အတွေးမရှိနိုင်သလို တပည့်တစ်ယောက် အနေနဲ့လဲ တပည့်တစ်ယောက်ပါလားဆိုတဲ့အတွေးရှိနိုင်မယ်မထင်ပါဘူး။ဆရာ့ရဲ့မျက်နှာမှာ
ဇရာဆိုတဲ့တရားက ပြနေပြီ။ အော် ....ဆရာအိုနေပြီပါလား။ဒါပေမယ့်သူ့ကိုယ်သူအိုတယ်လို့ မထင်တဲ့ကျုပ်တို့ဆရာ တကယ်ကို ကလေးလေးတစ်ယောက်အတိုင်းပဲ။သူရဲ့ ပါပြင်မှာ ဇရာအရိပ်ရောင်တွေ မြင်နေရတယ်။သူဆိုတာ ကျုပ်တို့ရဲ့ဆရာကို ပြောတာပါ။နောက်ပြီး သူက ပြောသေးတယ်။ဟာ ငါ့တပည့် မင်းငယ်ငယ်က လေ ဘယ်လိုဆိုးခဲ့တာ မှတ်မိလား။ ငါလေ မင်းတို့ကို ဘယ်လိုစာသင်ခဲ့တာ မှတ်မိလား။ခုချိန်မှာ သူ့သားတောင်မှ ဘွဲ့တွေ ဘာတွေ ရနေပြီ တဲ့လေ။သူ့သားကို ညွှန်းပြီးပြောနေလိုက်တာ။ အော် ဆရာရယ်...... လို့သာ ပြောလိုက်ချင်တယ်။ ငယ်ငယ်က ပါ။ကျုပ်က သိပ်ပြီးထူးချွန်ခဲ့တာမဟုတ်။ ခဏ ခဏ အတန်းရှေ့ထွက်ရပ်ရလို့ တစ်ကျောင်းလုံးကို မျက်မှန်းတမ်းမိနေပြီ။ အင်း ဒါလဲ ဆရာကျေးဇူးပါ။သင်္ချမှာ သိပ်ပြီး ညံ့လွန်းလို့ အလီတွေကို အိမ်မပြန်ပဲ ကျက်ခဲ့ရတယ်။ ကျုပ်က လဲ လူတစ်မျိုး တက်ပြီဟေ့ ဆိုရင် လုံးဝနောက်ပြန်လှည့်ကြည့်ချင်တာမဟုတ်။ ရွာမှာ အမှောင်ကြီးစိုးနေချိန် အခြားသူတွေ ပျော်ရွှင်နေချိန် ညရောင်ဝါဝါ လရောင်ရဲ့အောက်မှာ တစ်ယောက်တည်းပါပဲ။ကြောက်ရကောင်းမှန်းလဲ မသိဘူး။အဲဒီနေ့က မှတ်မိသေးတယ်။ ကျုပ်ဘကြီးသေနေတယ် တဲ့။ ရွာမြောက်ပိုင်းမှာ လူတွေစည်ကားနေတယ်။ကျုပ်က ပွဲရှိတယ် ထင်နေတယ်။ အမေက အိမ်ပြန်မလာလို့တဲ့ တစ်ရွာလုံးလိုက်ရှာနေတယ်။ အမက ထမင်းမစားလို့တဲ့ မြည်တွန်တောက်တီး နေတယ်။ အကိုတွေက အပျိုလှည့်နေကြတယ်။ဘာမှ မဟုတ်သလိုပဲ အဲဒီညက သင်္ချာအတွက် အလီတွေ ကြိုက်သလောက်ကျက် လုံးဝကို အလွတ်မရခဲ့ဘူး။ လမင်းနဲ့ ကြယ်လေးတွေက ကျုပ်ကို လှောင်ပြောင်နေကြတယ်။ ခုဆိုရင် ကျုပ်တို့ရွာက စာသင်ကျောင်းကြီး မှောင်နေတုန်းပဲ။လူမနေတဲ့ နေရာတွေမှာ မီးတွေထိန်နေပေမယ့် ဘာလို့ ကျုပ်တို့ရွာက စာသင်ကျောင်းကြီး မီးမှောင်နေတာလဲ။ ကျုပ်လဲ စဉ်းစားတယ်။စဉ်းစားရင် နဲ့ မိုးလင်းခဲ့ ရပေါင်း များပြီ။မတက်နိုင်ဘူးဆိုပြီး ဒီအတိုင်းထားလိုကကြမလား။ ဒီလိုနဲ့ ကျုပ်တို့ဆရာတပည့် ရန်ကုန်မြို့က မီးရောင်စုံတွေရဲ့ လမ်းမပေါ်မှာ လမ်းလျှောက်ရင် စကားပြောခဲ့တယ်။ သူ့မှာ တာဝန်ရှိသလို ကျုပ်မှာလဲ တာဝန်ရှိတယ် တဲ့။ကျုပ်တို့နှစ်ယောက်မှာ ဆရာတပည့် နှစ်ယောက်မှာ တာဝန်ရှိသလို အားလုံးမှာ တာဝန်မကင်းဘူးတဲ့။ဒါနဲ့တင် ဆရာက သူဖြတ်သန်း စီးမျောခဲ့ရတဲ့ သူဘဝ သမိုင်းကြောင်းတွေ ကျုပ်ကို အားရပါရ တစ်ဝကြီးပြောပြနေတယ်။ ငယ်ငယ်က လေးစားခဲ့လို့ထင်တယ်။သိပ်ပြီး နားထောင်လို့ကောင်းတာပဲ။ ရွာက အလှူပွဲတစ်ခုမှာ ဆရာ နဲ့ တစ်ခါစုံလိုက်သေးတယ်။ မောင်ရင်လောင်းလှည့်နေချိန်မှာ ကျုပ်တို့ဆရာတပည့် မောင်ရင်လောင်း ကွမ်းတောင်ကိုင်တွေ မကြည့်နိုင်ဘူး။ စာသင်ကျောင်း အဟောင်းကြီးပေါ်မှာ တက်ပြီး မြန်မာနိုင်ငံ ရဲ့ သမိုင်းကြောင်းတွေအားရ ပါးရ ပြောနေကြလေရဲ့။ ဆရာတပည့်ဆက်စံရေးမှာ နားလည်မှုတွေ အများကြီး ပါတယ်။နောက်ပြီး ငယ်ငယ်က ကျုပ်တို့ သိပ်ချစ်ခဲ့တဲ့ ဆရာမ လူမသိ သူမသိ သေသွားတဲ့ဆရာမ အရာရာကို အနစ်နာခံပြီး အားလုံးအတွက် ခေါင်းခံသွားတဲ့ အဲဒီဆရာမလေး အကြောင်းကိုလည်း ဆရာက ကျုပ်ကို ဘာမှ မဆိုင်ပဲ အားပါးတရ ပြောပြသေးတယ်။ရွေ့နေတဲ့ စက္ကန့်တွေက အများကြီး ရယ်ပါ။ပြောင်းလဲသွားတဲ့ အနေအထားတွေက အများကြီး ရယ်ပါ။ဒီတစ်ခါသာ ၇ွာပြန်ရောက်ရင် ကျုပ်တော့ ဆရာ့နားမှာ သွားပြီး နားထောင်ရအုံးမယ်။ဆရာ ကျန်းမာ ချမ်းသာပါစေ။ပြန်လည်တွေ့စုံနိုင်ရပါစေသား။

This entry was posted
on 9:44 AM
and is filed under
မမေ့နိုင်တဲ့ ပုံရိပ်
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.