မလွမ်းနိုင်သေးတဲ့ အချိန်
Postedundefined
undefined
(၁)
ဒီလောက် လေတဝုန်းဝုန်းတိုက်နေတာ
အမှန်မရှိတဲ့ ကျုပ်က ဘာမှဝတ်မထားမိဘူး။
ဒီလောက် မိုးတဖြောက်ဖြောက်ကျနေတာ
ဆောင်းစရာ ထီလေးတစ်ချောင်းပါမလာခဲ့ဘူး။
အင်တာနက်မှ ဂယက်များကို
တစ်နိုင် တစ်ပိုင်ခံစား။
လေထဲက အကြောင်းအရာတွေမှန်း သိပါရက်
ကိုယ့်ရဲ့ ပြတင်းတံခါးကို ခဏခဏ ထကြည့်မိတယ်။
(၂)
လူမှန်ရင် အပူ မကင်းမှန်း သိပါတယ်။
လူတွေနေတဲ့နေရာမှာ ပြဿနာတွေ ရှိမှာမှန်းတွေးမိပါရဲ့။
ဓမ္မဓိဌာန်ပြခမ်းမှာ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ကြော်ငြာနေကြတာပါလိမ့်။
နေရာလေး တစ်ကိုယ်စာအတွက် ဘယ်သူငိုကြွေးနေတာလဲ။
ကဲ ပြောစမ်းပါအုံး တစ်ခုခုအတွက် တစ်ခုခုတော့ လုပ်နေမှာသေချာတယ်။
ကိုလေးဖြူ ရဲ့ သီချင်းလေးကိုပဲ ငြီးငြီးနေမိတယ်။
မသေချာဘူး မရေရာဘူး အမြဲမရှိဘူး........ဆိုတာပေါ့။
(၃)
ရပ်သီတင်း ရွာသီတင်းအတွက်လား နားထောင်ရင် ကြာမှာပေါ့။
သိပ်ပြီးခံစားချင်နေတာလား ။
ကိုယ့်မှာ ရှိတဲ့ မျက်ရည်လောက်နဲ့ မလုံလောက်ဘူး။
သူ့အတွက်ဆိုရင် အချိန်တွေရှိတယ်
အနှစ်သုံးဆယ်လုံးလုံး ငတ်လာတဲ့ သစ္စာတရား
ကိုယ့်အသက် ၃၁ နှစ်ပြည့်မှ လက်ခံခဲ့ရတဲ့ မေတ္တာတရား
ပုံစံတွေ ဇယားကွက်တွေ ချပြီး မချစ်တက်တာ ကျုပ်မှားသလား..လို့
တွေးနေမိတယ်။
အမှောင်ချ ထားတဲ့ ကျုပ်အခမ်းလေးထဲမှာ သူမဆိုတဲ့ မီးလုံးလေးက
ကျုပ်ဘဝအတွက် အမြဲလင်းလက်နေလိမ့်မယ်။
(၄)
ခပ်ပြင်းပြင်းလေး ခံစားကြည့်မိတယ်။
ဒါလောက်လဲ လွမ်းလို့မဖြစ်သေးဘူး။
ခပ်နုနုလေး ခပ်ပါးပါးလေး ဖျက်လျှောက်မိတယ်
သူမ လန့်နိုးသွားမှာ စိုးရိမ်နေမိတယ်။
အိပ်မက်ထဲမှာ မချစ်ချင်တော့ဘူး
ဘယ်အရာကိုပဲ ဖြစ်ဖြစ် ဘာအတွက်ပဲ ဖြစ်ဖြစ်
အကြောင်းပြချက်မလိုဘူး။
မလွမ်းနိုင်သေးတဲ့ အချိန်မှာ
ကျုပ်ရဲ့ မီးအိမ်လေးအမြဲလင်းလက်နေမယ်ဆိုတာ သိတယ်။
အဲဒီနေ့လေးကိုပဲ အမြန်ရောက်အောင်သွားမယ်။
အားအပြင်းဆုံးလက်တွေနဲ့ လွတ်ထွက်မသွားကြေး။
နိုင်းစစ်နိုင်း (စစ်ကိုင်း)
This entry was posted
on 1:35 AM
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.