(၁)
ညီမကို ဘယ်လို စ ပြောရပါ့.....။သံသယဝင်နေတာ မဟုတ်ကြောင်းဦးစွာအနေနဲ့ ပြောချင်တယ်။တစ်နှစ် ဆိုတာသိပ်မကြာပေမယ့် အချိန်မလောက်ငှသူတွေအတွက် ၊ ဒါမှ မဟုတ် သိပ်ပြီးအလိုမပြည့်သူတွေ အတွက်ဆိုပြန်ရင်လည်း ကြာရှည်လွန်းပါတယ်။နားထဲမှာ ချော့သိပ်တက်တဲ့အမေ့ရဲ့တေးသံများ ယနေ့တိုင် ဒီအချိန်ထိစီးဝင်နေဆဲပါ။တစ်ချို့က လူမဖြစ်ချင်တော့ဘူးတဲ့။တစ်ချို့ကြပြန်တော့လည်း
လူအဖြစ်က ပျော်စရာကောင်းလိုက်တာတဲ့ တကယ်ကို တက်မက်ခုံမင်စွာပါပဲ။တစ်ချို့ကတော့ ဘာမှ မဖြစ်ချင်တော့ဘူးဆိုပဲ။ကျုပ်ရဲ့မနက်ဖန် အမေရှိတယ်ဆိုရင် ဘာပဲဖြစ်ဖြစ်ကျုပ်ကြေနပ်တယ်။ညီမလေးကို ကျုပ်ဘယ်လိုပြောရပါ့......။
ဘဝဆိုတာ တကယ်အဆင်ပြေတဲ့သူတွေ ကြည့်ပြန်တော့ နေချင်စရာ။အဆင်မပြေတဲ့သူတွေ ကြည့်ပြန်တော့လည်း ကိုယ့်ကိုကိုယ်သတ်သေတဲ့လူတွေ ဒီနေ့ပိုများလာတယ်။အဖန် ငါးရာ ငါးကမ္ဘာဆိုတာ တရားသလား မတရားသလား မတွေးဖြစ်ခဲ့ဘူး။ညီမလေး........ရေ......
တောင်ပေါ်မြေမှာ အင်တာနက်မရှိဘူး။အထင်ကြီးမှုတွေလည်း ဝေးတယ်။ကောက်ကြစ်မှုတွေ အတော်လေး ရှာပြီးယူရတယ်။ဘာမဆိုဖြစ်လာနိုင်တယ်။ဘာမဆို ပျက်သွားနိုင်တယ်။အချိန်မရွေး ပြောင်းလဲနိုင်တယ်ဆိုတာ သိနေမှတော့ ညီမလေး ရယ်ကိုယ်တို့တွေ ပျားသကာလိုချိုမြလွန်းတဲ့ နေ့ရက်များကိုယ်တို့အပါးမှာ မရှိသည့်တိုင်အောင် ခါးသက်သက်နေ့ရက်တွေအတွက်လည်း ထည့်တွက်ထားရမယ်မဟုတ်လား။စိတ်ထဲက ခံစားချက်ကို ဖန်တီးယူလို့မရပါဘူး။အစီတကျ လုပ်ခဲ့ရင် မှားပြီး လွဲချော်တက်ပြန်တယ်။ဒီလောက် ဖျော်ဖြေရေးများလွန်းတဲ့ခေတ်မှာ စိတ်ဓါတ်ကျပြီး သေတဲ့သူဟာ အမိုက်ဆုံးလူသားတစ်ယောက်လို့ပြောရင် လွန်မယ်ထင်တယ်။အာရုံတွေ ပေါများလွန်း နေတော့ စိတ်ရဲ့ထွက်ပေါက်ဆိုတဲ့ ပညတ်သဘောတရားတွေအတွက် ဗျာများရပြန်တယ်။လိမ်ငြာမှုတွေ များတယ်တဲ့။တစ်ယောက်ကိုတစ်ယောက် မနာလိုမှုတွေများတယ် တဲ့။အပြိုင်အဆိုင်တွေက ဒု နဲ့ ဒေး ဆိုပဲ။ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အခြားသူတွေရဲ့ မျက်ခုံးမွှေးများပေါ် စင်္ကြန်လျှောက်ခြင်းက ဒီနေ့မှာ မထူးဆန်းတော့ဘူး။ရိုသားမှုဆိုတာ စာမျက်နှာတွေပေါ်မှာရှိတော့တယ်လို့လဲ ဆိုကြပြန်တယ်။သီတင်းလေးတစ်ခု ရဖို့အရေး အရင်က လှည်းတွေ လှေတွေနဲ့ သွားခဲ့ကြတာ ဒီနေ့မှာတော့ ခလုပ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ လိုချင်တဲ့ အချက်အလက်များက လိုအပ်တာထက် ပိုပြီးစောင့်ကြိုနေကြပြီ။တိုးတက်တာလား ဆုတ်ယုတ်တာလားကိုယ်တို့ မစဉ်းစားဘဲနေကြရအောင်ကွာ နော်.......။ညီမကို ပြောပြမယ့် တောင်ပေါ်ညတွေကကြမ်းတမ်းလွန်းတယ် ညီမလေး ရယ်။ကိုယ်တိုင်က ဒုက္ခကို စားသောက်ကုန်အဖြစ်နဲ့ လက်ခံပြီးစားသုံးနေခဲ့တော့ ညီမလေး ငိုမှာစိုးမိတာ အမှန်ပါ။ဘာမှမရှိတော့တဲ့ စိတ်ထဲမှာ ပြည့်နေပြီ။အားလုံးပြည့်စုံနေတဲ့ နေရာတွေမှာ လိုအပ်ချက်တွေ က များနေပြီ။ပညာရှင်တွေက ချမ်းသာတဲ့သူတွေက သူများတွေအတွက် ကောင်းစားရေး ပြည့်စုံရေး အဆင့်မှီမှီနေထိုင်နိုင်ရေး လုပ်နေချိန်မှာ ဆင်းရဲသူတွေက ငါဆိုတဲ့ အတ္တကို ဗဟိုရ်ပြု မျိုးဆက်များစွာမှာ အရောင်မျိုးစုံပေကျံနေလိုက်တာ။လောကရဲ့ ဖြစ်စဉ်ကိုယ်တိုင်ကပဲ ဒီတိုင်းလာတာလား။ဒါမှမဟုတ် ဖြစ်စဉ်အလိုက်ဖြစ်နေတဲ့ လောကကိုယ်တိုင်ကပဲ လိုက်လျောညီထွေဖြစ်နေတာလား။အကိုယ်လည်းမစဉ်း စားတက်တော့ဘူး။ညီမလေး လည်း စဉ်းစားမနေနဲ့။သဘာဝတရားက သန့်ရှင်းလက်ဆက်လွန်းတော့ အဲဒီ သဘာဝတရားကိုပဲ တစ်ဝကြီးစားသောက်ပြီး လူသားတွေအတွက် အကျိုးပြုလုပ်ငန်းဖြစ်ဖြစ်၊ စကားလေး တစ်ခွန်းလောက်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် စိတ်ကူးလေးတစ်ချက်လောက် အနဲဆုံး တော့ လုပ်ကြည့်ကြမယ်လေ။ဘာမဆို ဖြစ်နိုင်လို့ ပါ။ညီမကို ပြောပြမည့် တောင်ပေါ်မြေက မရောက်သေးဘူးနော် ကြိုပြောထားမယ်။
This entry was posted
on 11:21 AM
and is filed under
ညီမလေးအတွက်ဆေး
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.